ချောင်းသာကမ်းခြေအနီးတည်ဆောက်မည့် ရေပေါ်သင်္ဘောဟိုတယ်


07 December, 2019

        ဧရာဝတီတိုင်းဒေသကြီး ချောင်းသာကမ်းခြေအနီးတွင် ခရီးသွားများကိုဆွဲဆောင်နိုင်ရန်အတွက် ရေပေါ်သင်္ဘောဟိုတယ်တစ်ခုတည်ဆောက်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

        အဆိုပါရေပေါ်သင်္ဘောဟိုတယ်ကို ဖိုးကုလားကျွန်းနှင့် ချောင်းသာကမ်းခြေဘုတ်ဆိပ်အနီးတွင် ဆိပ်ခံတံတား တစ်စင်းတည်ဆောက်လုပ်ကိုင်မည်ဖြစ်ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မူအားဖြင့်ခွင့်ပြုထားပြီးဖြစ်ကြောင်းသိရသည်။

        ချောင်းသာကမ်းခြေသို့ခရီးသွားဝင်ရောက်မှုတိုးမြှင့်ရေးအတွက်ကမ်းရိုးတန်းသယံဇာတသဘာဝပတ်ဝန်းကျင်ဂေဟစနစ်များမပျက်စီးစေရေး၊

စွန့်ပစ်အမှိုက်များလျော့နည်းကျဆင်းရေး၊ကမ်းခြေဒေသသဘာဝအလှများပတ်ဝန်းကျင်ဂေဟစနစ်များထိန်းသိမ်းစောင့်ရှောက်ရေးအတွက်အသိပညာပေးလုပ်ငန်းကိုတိုးမြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။

        ထို့ပြင် ငပလီ၊ချောင်းသာနှင့်ငွေဆောင် ကမ်းခြေဒေသသာယာလှပရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက်လိုက်နာဆောင်ရွက်ရန် ဒေသန္တရအမိန့် ၁၅ ချက်ကို လည်း တပြိုင်နက် ထုတ်ပြန်ထားကြောင်းသိရသည်။

        ကမ်းခြေဒေသများအနက် ခရီးသွားဝင်ရောက်မှုများလာသော ငွေဆောင်ကမ်းခြေတွင် ခရီးသွားဝင်ရောက်မှုယခင်နှစ်ထက်တိုးတက်လာသောကြောင့် ဟိုတယ်ငါးလုံးထပ်မံတည်ဆောက်ရန်လုပ်ဆောင်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လက်ထောက်ညွှန်ကြားရေးမှူးမှပြော ကြားခဲ့ကြောင်း သိရသည်။

Local Read 54 times