မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားဘဏ်များအား ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ တိုးချဲ့ခွင့်ပြုလိုက်ခြင်းသည် အိမ်ခြံမြေနှင့်ဆောက်လုပ်ရေးကဏ္ဍများသို့နည်းလမ်းနှစ်သွယ်ဖြင့်သက်ရောက်မှုရှိလာစေမည်ဖြစ်ကြောင်းအိမ်ခြံမြေနှင့် ဆောက်လုပ်ရေးကဏ္ဍများမှ ဝါရင့်လုပ်ငန်းရှင်များထံမှ သိရသည်။
ခွင့်ပြု
xxxx
နိုင်ငံခြားဘဏ်များကို ပြည်တွင်းဘဏ်များနည်းတူပြည်တွင်းစီးပွားရေးလုပ်ငန်းများသို့ မည့်သည့်ချေးငွေဖြည့်ဆည်းမှုကိုမဆိုဆောင်ရွက်ခြင်းဖြင့် အခြားဘဏ်လုပ်ငန်းဝန်ဆောင်မှုများဆောင်ရွက်ခြင်းတို့ကို ဗဟိုဘဏ်က နိုဝင်ဘာ ၈ရက်တွင်ခွင့်ပြုလိုက်ခြင်းအားအိမ်ခြံမြေနှင့် ဆောက်လုပ်ရေးကဏ္ဍမှ လုပ်ငန်းရှင်များက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြသည်။
ပိုကောင်းလာနိုင်
xxxxxxxxx
ထိုသို့ခွင့်ပြုလိုက်သောကြောင့် စီးပွားရေးမှာ ပိုပြီးသွက်လက်ချောမွေ့လာနိုင်တယ်။ပြည်တွင်းလုပ်ငန်းရှင်များကို ပိုမိုထောက်ပံ့နိုင်သည့် ငွေကြေးများစီးဆင်းလာမှာဖြစ်သောကြောင့် လက်ရှိစီးပွားရေး အနေအထားထက်ပိုကောင်းလာနိုင်တယ်။စီးပွားရေးကောင်းလျှင် အိမ်ခြံမြေဈေးကွက်လည်းကောင်းမည်။အိမ်ခြံမြေဈေးကွက်ထဲကို ငွေကြေးများစီးဝင်မည်။အိမ်ခြံမြေအရောင်းအဝယ်သာမကဘဲ Real Estate ဟုခေါ်သော အိမ်ရာဆောက်လုပ်ရေးအခန်းကဏ္ဍများမှာပါပိုပြီးကျယ်ပြန့်ကြီးပွားလာနိုင်တယ်။ထို့ကြောင့်အိမ်ရာကဏ္ဍကိုတိုက်ရိုက်သည့်နည်းရော၊သွယ်ဝိုက်သည့်နည်းနှင့်ပါ အကျိုးသက်ရောက်မှုရှိစေပါတယ်။
ပြောင်းလဲမှု
xxxxxxx
ထို့ပြင်ငွေကြေးဖောင်းပွမှုလည်း နည်းလာမည်ဖြစ်ပြီး မြန်မာကျပ်ငွေတန်ဖိုးကျဆင်းခြင်း ရပ်တန့်သွားနိုင်ကြောင်း၊အိမ်ခြံမြေဈေးနှုန်းများလည်း ပြန်လည် ဈေးမာလာနိုင်ကြောင့် သိရသည်။
ယခုလိုကြေညာလိုက်ခြင်းသည်ကောင်းသည့်ပြောင်းလဲခြင်းပါပဲ။ယခင်က သတ်မှတ်ချက်တွေကြောင့် စီမံကိန်းများ အနေနှင့် တဖြည်းဖြည်း ကြီးလာလည်းချေးငွေနှုန်းထားမတိုးလာသည့်အတွက် ကြီးကြီးမားမားမဆောင်ရွက်နိုင်ဘူး။ယခုတော့ လုပ်ငန်းများကို ကြီးကြီးမားမားလုပ်ကိုင်ဆောင်ရွက်လာနိုင်တော့မည်။ဆောက်လုပ်ရေးကဏ္ဍကလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဟု မြင်သည် ဟုဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။