သင်သိထားသင့်သောအဆောက်အဦးနှင့် သက်ဆိုင်သည့် အမေးများသည့် မေးခွန်းများ အား ဖော်ပြပေးလိုက်ရပါသည်။
မေး - ခွင့်ပြုချက်မဲ့ အဆောက်အဦများအားတရားစွဲဆိုသည့် အခါ အထပ်နိမ့်နှင့်အထပ်မြင့်တူညီမှုရှိပါသလား?
ဖြေ - ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ မည်သည့် အဆောက် အဦမှဖျက်သိမ်းခြင်း၊ ပြင်ဆင်ခြင်း၊ အသစ်ဆောက် လုပ်ခြင်းမပြုရပါ။
ပြုလုပ်ပါက တရားစွဲအရေးယူ ပါသည်။
မေး - ပိုင်ဆိုင်မှုဂရန်တင်ပြနိုင်ခြင်းမရှိဘဲ အရပ်စာချုပ်ဖြင့်ခွင့်ပြု မိန့်လျှောက်ထားလာပါက ခွင့်ပြုပါသလား?
ဖြေ - အရပ်စာချုပ်ဖြင့်ဆောက်လုပ်ခွင့်လျှောက်ထားပါကမြေရာဇဝင်ကို စိစစ်ပါသည်။မြေရာဇဝင် စိစစ်ချက် အရနိုင်ငံသားအမည်ပေါက်မြေဖြစ်ပါက
(၃)ထပ်ထိ ဆောက်လုပ်ခွင့်ပြုပါသည်။
မေး- ခွင့်ပြုချက်မဲ့အဆောက်အဦများ ဆောက်လုပ်ပြီးစီးမှသာဘာကြောင့်တရားစွဲပါသလဲ၊ မဆောက်လုပ်မီဘာကြောင့်တရားမစွဲပါသလဲ?
ဖြေ - ခွင့်ပြုချက်မဲ့ဆောက်လုပ်မှုတွေ့ရှိပါကFoundation အဆင့်တွင်ပင် တားမြစ်ပါသည်။လိုက်နာခြင်းမရှိပါ ကတရားစွဲဆိုမှုကို စတင်ပြုလုပ်ပါသည်။
မေး - အဆောက်အဉီ ဆောက်လုပ်သည့်အခါကားပါကင်ကို ဘယ်လိုအထပ်မြင့်တွေမှာ ခွင့်ပြုပါသလဲ၊ကားပါကင် ထည့်သွင်းမှုကို ဘယ်အချိန်က
စတင်ညွှန်ကြားခဲ့ပါသလဲ?
ဖြေ - မြေကွက်အကျယ် (၅ဝ' x ၅ဝ') သို့မဟုတ်၂၅ဝဝ စတုရန်းပေနှင့် အထက် ကျယ်သော မြေကွက်များတွင်အဆောက်အဦ ဆောက်လုပ်ပါက
ကားပါကင် ထည့်သွင်းရန်လိုအပ်ပါသည်။(၁၃.၈.၂၀၁၂) ရက် နေ့မှစတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။
မေး - အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်သည့်အခါခွင့်မပြုသည့်နေရာတွေက မည်သည့်နေရာများဖြစ်ပါသ လဲ?
ဖြေ - ဆိတ်ငြိမ်ရပ်ကွက်များဖြစ်သည့်ရွှေတောင်ကြား၊ အင်းယားမြိုင်၊ သံလွင်လမ်း၊ အင်းယားလမ်း၊တက္ကသိုလ်ရိပ်သာလမ်း၊ ရွှေနှင်းဆီလမ်း၊ အေဝမ်း လမ်း
အစရှိသည့် အလားတူနေရာများဖြစ်ပါသည်။
မေး - နိုင်ငံခြားသားအမည်ပေါက်နှင့် အဆောက်အဦဆာက်မည်ဆိုပါက ခွင့်ပြုမိန့်မည်သို့လျှောက်ရမည်နည်း?
ဖြေ - လိုင်စင်အင်ဂျင်နီယာ လက်မှတ်ရေးထိုးထားသည့်အဆိုပြုပုံစံ(၃)စုံ၊မြေပိုင်ဆိုင်မှု အထောက်အထား၊သတ်မှတ်ထားသည့် လျှောက်လွှာများနှင့် အတူလျှောက်ထားရပြီး
ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီမှပြည်ထဲရေးဝန်ကြီးဌာနသို့တင်ပြရ ပါသည်။
မေး - ခြံစည်ရိုးနယ်နိမိတ်တိုင်းတာ မည်ဆိုပါကအရပ်စာချုပ် နှင့် တင်ပြလျှင်ခွင့်ပြုနိုင်ပါသလား?
ဖြေ - အရပ်စာချုပ်ဖြင့် ခြံစည်းရိုးနယ်နိမိတ်တိုင်းတာ၍ မရပါ။
မေး - အဆောက်အဦ ခိုင်ခံ့မှု စစ်ဆေးရေးအားမည်ကဲ့သို့ ဆောင်ရွက်ထားပါသလဲ?
ဖြေ - အဆောက်အဦ ခိုင်ခံ့မှုနှင့် ပတ်သက်၍လိုင်စင်ရ အဆောက်အအုံအင်ဂျင်နီယာမှတွက်ချက်တင်ပြလာ သည့် Structure Calculation ကို
ဌာနမှ စိစစ်ပေး ပါသည်။ခိုင်ခံ့မှုရှိပါက ခွင့်ပြုပေးပါသည်။
ခွင့်ပြု ပေးပြီးပါက မြေပြင်တွင်လည်းတွက်ချက် တင်ပြ ထားသည့်အတိုင်း ဆောက်လုပ်စေရန်အတွက်စစ်ဆေးကြပ်မတ်ပေးပါသည်။