Fukamatsugumi Service Apartment


26 October, 2020

Fukamatsugumi Service Apartment စီမံကိန်းမှာ ဂျပန်-မြန်မာ ဖက်စပ်တည်ဆောက်မည့် တက္ကသိုလ်ရိပ်သာလမ်းသစ်ပေါ်က စီမံကိန်းဖြစ်ပါသည်။

တည်နေရာမှာ အမှတ် ၁၃၈/ဘီ၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့တွင် ဖြစ်ပါသည်။

ထိုစီမံကိန်းကို ဂျပန်နိုင်ငံမှ အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီဖြစ်သည့် Fukamatsugumi မှ ဦးဆောင် developer အနေဖြင့် အခြားကုမ္ပဏီနှစ်ခုဖြင့် အကျိုးတူ ပါဝင်မည်ဖြစ်သည်။

အခြားကုမ္ပဏီနှစ်ခုမှာ ဂျပန်နိုင်ငံမှ Fukada & Partners နှင့် မြန်မာနိုင်ငံမှ Kakehashi Group တို့ဖြစ်သည်။

စီမံကိန်းအကျိုးတူပိုင်ဆိုင်မှုကို Fukamatsugumi မှ ၇၀%၊  Kakehashi Real Estate Group မှ ၂၀% နှင့် Fukada & Partners မှ ၁၀% ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ရေးထားသည်။

စီမံကိန်းကုန်ကျစရိတ် ဒေါ်လာသန်း ၁၀ သန်းခန့်ရှိမည်ဟု မှန်းဆထားသည်။

မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ စီမံကိန်းရင်းနှီးမြှုပ်နှံမှုကို နိုင်ငံခြားဖက်စပ်ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ၂၀၁၅ ခုနှစ် အောက်တိုဘာလကပေးအပ်ခဲ့ပါသည်။

ထိုစီမံကိန်းကို ၁၂ ထပ်မြင့်တိုက် ၁ လုံးသာပါဝင်ပြီး အမျိုးအစားမှာ service apartment နှင့် ရုံးခန်းနေရာများ ပါဝင်မည်ဖြစ်သည်။

မြေညီထပ်တွင် ကားပါကင်၊ ပထမထပ်တွင် ရုံးခန်းနေရာနှင့် ကျန်အထပ်များတွင် စုစုပေါင်း အခန်း ၃၀ ပါဝင်ပါသည်။ တိုက်ခန်းအကျယ်အဝန်းမှာ ၁၀၀ စတုရန်းမီတာခန့် ရှိမည်ဟု သိရသည်။

အဆောက်အဦးကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် စတင်ဆောက်လုပ်ပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင်  ပြီးစီးမည်ဟုသိရသည်။

အဆောက်အဦး၏ mechanical & electrical ဒီဇိုင်းကို ဖိလစ်ပိုင်မှ Modair မှ ပြုလုပ်ထားကြောင်း သိရှိရသည်။

Hospitality Read 125 times