ဒေါ်လာ၂ သန်း သုံးပြီးတည်ဆောက်မည့် နိုင်ငံတကာအဆင့်မီ ဖူဆယ်အားကစားရုံ ၂၀၂၀ တွင် ပြီးစီးမည်


26 November, 2019

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နိုင်ငံတကာအဆင့်မီ ဖူဆယ်အားကစားရုံ တည်ဆောက်ရေး စီမံကိန်း ပန္နက်တင်အခမ်းအနားကို နိုဝင်ဘာ ၂၂ ရက် မနက်ပိုင်းတွင် သုဝဏ္ဏကွင်းအနီးရှိ MFF Futsal Indoor Stadium တည်ဆောက်ရေး စီမံကိန်းနယ်မြေမှာ ပြုလုပ်ခဲ့ပါတယ်။

ထိုပန္နက်တင်အခမ်းအနားတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အကြံပေး ဦးဘန်နီတင်အောင်၊ ဖူဆယ်နှင့်သဲသောင်ပြင် ဘောလုံးကော်မတီတာဝန်ရှိသူတွေ၊ ဖူဆယ်လိဂ်ပြိုင်ပွဲဝင် အသင်းပိုင်ရှင်တွေ၊တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါ တယ်။

အခမ်းအနားမှာ ဖူဆယ်အားကစားရုံ တည်ဆောက်ရေး စီမံကိန်း မြေနေရာ သတ်မှတ်ထားတဲ့ နေရာအသီးသီးမှာ ပန္နက်တော်များ တင်ပေးပြီး အမွှေးနံ့ သာရည်များ ပက်ဖျန်းပေးခဲ့ပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က မြန်မာနိုင်ငံ၌ နိုင်ငံတကာအဆင့်မီဖူဆယ်ကွင်းတည်ဆောက်နိုင်ရန် အတွက် ပြီးခဲ့သည့်နှစ်က ပရောဂျက်ချပေးခဲ့ပြီး ဘောလုံးအဖွဲ့ချုပ်မှ ကွင်းတည်ဆောက်ရေး အတွက် တင်ဒါခေါ်ယူခဲ့ရာ Suntac ကုမ္ပဏီက တင်ဒါအောင်ခဲ့ပါတယ်။

အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဦးကိုကိုသိန်း" ကွင်းတည်ဆောက်မှုကို တစ်နှစ်အတွင်းအပြီး လုပ်သွားမှာပါ။ လက်ရှိတည်ဆောက်မှု အခြေအနေကတော့ မြေပြင်ရှင်းလင်းမှုအခြေအနေပဲ ပြီးပါသေးတယ်။ တစ်ဆင့်ပြီး တစ်ဆင့်လုပ်ဆောင်သွားမှာပါ" ဟု ဆိုသည်။

Suntac Company က အဆိုပါ ဖူဆယ်ကွင်းတည်ဆောက်ရေး လုပ်ငန်းတွေကို စတင်ဆောင်ရွက်နေပြီး ၂၀၂၀ ခုနှစ် နှစ်လယ်ပိုင်းတွင်ပြီးစီးမည်ဟုသိရပါတယ်။

အဆိုပါကွင်းတည်ဆောက်ပြီးစီးပါက ဖူဆယ်ပြိုင်ပွဲတွေ နိုင်ငံတကာအဆင့်မှီကျင်းပနိုင်မည်ဖြစ်ပြီး ပရိသတ် ၂၀၀၀ ကျော် ကြည့်ရှု အားပေးနိုင်မှာဖြစ်ပါတယ်။

Local Read 47 times