ယင်း complex အား New Star light Construction မှ တည်ဆောက်နေခြင်းဖြစ်ပြီး တံခွန်တိုင်အဝိုင်းအနီး အမှတ်(၂) MITC Project တွင် တည်ရှိသည်။
၂ဝ၁၇သြဂုတ် တွင် စတင် တည်ဆောက်ပြီး ၂ဝ၁၉ ဒီဇင်ဘာတွင် ပြီးစီးနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
မြေဧက ၅ဒသမ ၅၃၃ဧကပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး CAD ကုမ္ပဏီမှ ဒီဇိုင်းရေးဆွဲပေးထားကြောင်း သိရသည်။
Mandalay Garden City မှ မြေပိုင်ဖြစ်ကြောင်းသိရသည်။
***သင်စိတ်ဝင်စားနိုင်သောသီလဝါတွင် ဂျပန်တိုယိုတာကုမ္ပဏီ မှ ကားစက်ရုံဆောက်ရန်ဆွေးနွေး***
အခန်းတည်ဆောက်ပုံများ
တာဝါ ၁၅လုံး ပါရှိသည်ဖြစ်ပြီး တာဝါတစ်လုံးလျှင် ၉ထပ်အမြင့်ရှိ ၍တစ်လွှာလျှင် ၆ခန်းပါဝင်ကြောင်းသိရသည်။
အခန်းတစ်ခန်းလျှင် စတုရန်းပေ ၆ဝ၅ စတုရန်းပေ၊၉၂၅စတုရန်းပေ နှင့် ၁၂၁ဝစတုရန်းပေ ကျယ်ဝန်းကြောင်းသိရသည်။
တာဝါ တစ်လုံးလျှင် ဓာတ်လှေကား ၃စင်းတပ်ဆင်ပေးမည်ဖြစ်ပြီး ကားထားရာတွင် အဆင်ပြေ စေရန် Basement တစ်ထပ်ပါဝင်သည်ဖြစ်ကြောင်းသိရသည်။
ငွေပေးချေမှု နှင့် စျေးနှုန်း
အခန်းတန်ဖိုးမှာ တစ်စတုရန်းပေလျှင် ၉၃ဝဝဝ နှင့် ၉၆ဝဝဝ တန်ဖိုးခန့်သတ်မှတ်ထားကြောင်းသိရသည်။
Cash down နှင့် အရစ်ကျ စနစ်ရှိပြီး အရစ်ကျ စနစ်တွင် customer နှင့် ညှိနှိုင်း ပြီး ပေးသွင်းနိုင်ကြောင်း သိရသည်။
Source:New Star Light Construction