Garden City Apartment Complex


03 November, 2020

ထိုApartment Complex အားနယူးစတားလိုက်ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သောMandalay Garden City ဆောက်လုပ်ရေးကုမ္ပဏီမှဆောက်လုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ရန်ကုန်-မန္တလေးလမ်းမပေါ်ရှိ၇၄လမ်းဘေးတံခွန်တိုင်အဝိုင်းပြည်ကြီးတံခွန်မြို့နယ်၊မန္တလေးတိုင်းတွင်တည်ဆောက်မည် ဖြစ်ကြောင်းသိရသည်။

မြေအကျယ်၅.၅၃၃ဧကပေါ်တွင်အလွှာပေါင်းကိုးလွှာပါရှိပြီးတစ်လွှာတွင်ခြောက်ခန်းပါရှိသောအဆောက်အဦး ပေါင်း၁၅လုံးခန့်တည်ဆောက်မည်ဟုသိရသည်။

ယင်းApartmentComplexအား၂၀၁၇ခုနှစ်ဇူလိုင်တွင်ပန္နတင်ပြီး၂၀၁၉ခုနှစ်ဇူလိုင်လခန့်တွင်ပြီးစီးမည်ဟုခန့်မှန်းထားကြောင်းသိရသည်။

အခန်းအကျယ်အဝန်းများမှာအိပ်ခန်းနှစ်ခန်းပါလျှင်စတုရန်းပေ၆၀၅ခန့်ရှိပြီးအိပ်ခန်းသုံးခန်းပါလျှင်အခန်း အကျယ်အဝန်းမှာ၉၂၅စတုရန်းပေရှိကြောင်းသိရသည်။

Pent Houseပါဝင်ပြီးအိမ်ရာလိုအပ်ချက်များကိုအမြဲပြုပြင်ထိန်းသိမ်းသွားနိုင်ရန်Facility Management Teamထားရှိမည်ဖြစ်ကြောင်းလည်းသိရသည်။

ငလျင်ဒဏ်ခံနိုင်စေရန်Pileဖောင်ဒေးရှင်းဖြင့်တည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။

မြေညီထပ်အခန်းများကိုမရောင်းချပဲအိမ်ရာတွင်နေထိုင်သူများကိုဦးစားပေးပြီးသင်တန်းများ၊ဆံပင်ညှပ်ဆိုင်များ၊ဖက်ရှင်ဆိုင်များ၊ဆေးခန်း၊ဖုန်းဆိုင်၊စတိုးဆိုင်၊စားသောက်ဆိုင်စသောလုပ်ငန်းများလုပ်ကိုင်နိုင်ရန်ပြန်လည် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ရောင်းချသောအခါလက်ငင်းငွေချေစနစ်၊ပုံမှန်နှစ်နှစ်အရစ်ကျအတိုးမဲ့စနစ်၊နှစ်ရှည်အရစ်ကျစနစ်များနှင့်ငွေပေးသွင်းနိုင်မည်ဖြစ်ပြီးနှစ်ရှည်ငွေပေးချေစနစ်အတွက်KBZ,Shwe,AYA,MAB,CBဘဏ်များနှင့်ချိတ်ဆက်ပေးထားမည်ဖြစ်ကြောင်း၊အထူးအစီအစဉ်အနေဖြင့်လက်ရှိတာဝန်ထမ်းဆောင်နေသောနိုင်ငံ့ ဝန်ထမ်းများကို၅ရာခိုင်နှုန်းအထိလျှော့ရောင်းပေးသွားမည်ဖြစ်ကြောင်း၊ဘဏ်များမှနှစ်ရှည်အရစ်ကျ ပေးမည်ဆိုလျှင်၅နှစ်မှ၁၀နှစ်အထိပေးချေနိုင်ပြီးအတိုးနှုန်းမှာ၉ရာခိုင်နှုန်းခန့်ရှိမည်ဖြစ်ကြောင်းသိရ သည်။

လက်ငင်းငွေချေလျှင်အိပ်ခန်းနှစ်ခန်းပါလျှင်တန်ဖိုးမှာ ၄၇၈.၅သိန်း၊အိမ်ခန်းသုံးခန်းပါလျှင်ကျပ်သိန်း၇၈၀၊pent house အတွက်ကျပ်သိန်း၈၂၀ကျသင့်မှာဖြစ်ကြောင်း၊ပုံမှန်နှစ်ရှည်အရစ်ကျအတိုးမဲ့ငွေချေစနစ်နှင့်ဝယ်ယူလျှင် အိပ်ခန်းနှစ်ခန်းပါတစ်ခန်းကိုကျပ်၅၆၃သိန်းဖြင့်စတင်မှာဖြစ်ကြောင်း၊အခန်းတန်ဖိုးများမှာပထမထပ်မှစတုတ္ထ အထပ်အထိဈေးတစ်မျိုးဖြစ်ပြီး၊ပဉ္စမထပ်မှအဋ္ဌမထပ်အထိဈေးနှုန်းပိုမြင့်မည်ဖြစ်ကြောင်းသိရသည်။

Residential Read 61 times