အတိုးမဲ့နှစ်နှစ်အရစ်ကျဝယ်ယူနိုင်မည့်Garden City Complex (Mandalay)


02 November, 2020

 

လက်ရှိတာဝန်ထမ်းဆောင်နေသောနိုင်ငံ့ဝန်ထမ်းများအားမူလရောင်းဈေး၏၅ရာခိုင်နှုန်းလျှော့ပေးမည့်အပြင် ဝယ်ယူသူများအတွက်ဘဏ်နှင့်ချိတ်ဆက်ပြီးပေးချေဝယ်ယူနိုင်မည့် Garden City Apartment Complex အားစတင်အကောင်အထည်ဖော်နေပြီဟုသိရသည်။

မြေအကျယ်၅.၅၃၃ဧကပေါ်တွင်ကျပ်၃၉ဘီလျံရင်းနှီးမည့်အပြင် ထိုစီမံကိန်းအားနယူးစတားလိုက်ဆောက်လုပ် ရေးကုမ္ပဏီတစ်ခုဖြစ်သောMandalay Garden Cityဆောက်လုပ်ရေးကုမ္ပဏီမှလာမည့်နှစ်နှစ်အတွင်းအပြီး သတ်ဆောက်လုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ဇူလိုင်လ၁၆ရက်နေ့တွင်ပန္နတင်ပြီး၂၀၁၉ခုနှစ်တွင်အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း၊မန္တလေးအစိုးရမှ အကောင်အထည်ဖော်ဆောင်ပေးနေသောတန်ဖိုးနည်းနှင့်တန်ဖိုးမြင့်အိမ်ရာကြားတွင်လိုအပ်ချက်ဖြစ်နေသော ဈေးနှုန်းသင့်တင့်သည့်အလယ်အလတ်တန်းစားအိမ်ရာများကိုခေတ်နှင့်အညီနေထိုင်မှုပုံစံအသစ်တစ်ခုကို ဖော်ဆောင်ခြင်းဖြစ်ကြောင်း၊ထိုအိမ်ရာတွင် Facility Management Team ထားရှိပြီးအိမ်ရာလိုအပ်ချက်များ ကိုအမြဲပြုပြင်ထိန်းသိမ်းသွားမည်ဖြစ်ပြီးမိသားစုအတွက်နွေးထွေးလုံခြုံသောပတ်ဝန်းကျင်ကောင်းရရှိစေမှာ ဖြစ်ကြောင်းသိရသည်။

မြေညီထပ်အခန်းများကိုမရောင်းချပဲအိမ်ရာတွင်နေထိုင်သူများကိုဦးစားပေးပြီးသင်တန်းများ၊ဆံပင်ညှပ်ဆိုင်များ၊ဖက်ရှင်ဆိုင်များ၊ဆေးခန်း၊ဖုန်းဆိုင်၊စတိုးဆိုင်၊စားသောက်ဆိုင်စသောလုပ်ငန်းများလုပ်ကိုင်နိုင်ရန်ပြန်လည် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ရောင်းချသောအခါလက်ငင်းငွေချေစနစ်၊ပုံမှန်နှစ်နှစ်အရစ်ကျအတိုးမဲ့စနစ်၊နှစ်ရှည်အရစ်ကျစနစ်များနှင့်ငွေပေးသွင်းနိုင်မည်ဖြစ်ပြီးနှစ်ရှည်ငွေပေးချေစနစ်အတွက်KBZ,Shwe,AYA,MAB,CBဘဏ်များနှင့်ချိတ်ဆက်ပေးထား မည်ဖြစ်ကြောင်း၊အထူးအစီအစဉ်အနေဖြင့်လက်ရှိတာဝန်ထမ်းဆောင်နေသောနိုင်ငံ့ဝန်ထမ်းများကို၅ရာခိုင်နှုန်းအထိလျှော့ရောင်းပေးသွားမည်ဖြစ်ကြောင်း၊ဘဏ်များမှနှစ်ရှည်အရစ်ကျပေးမည်ဆိုလျှင်၅နှစ်မှ ၁၀နှစ်အထိ ပေးချေနိုင်ပြီးအတိုးနှုန်းမှာ၉ရာခိုင်နှုန်းခန့်ရှိမည်ဖြစ်ကြောင်းသိရသည်။

လက်ငင်းငွေချေလျှင်အိပ်ခန်းနှစ်ခန်းပါလျှင်တန်ဖိုးမှာ ၄၇၈.၅သိန်း၊အိမ်ခန်းသုံးခန်းပါလျှင်ကျပ်သိန်း၇၈၀၊pent house အတွက်ကျပ်သိန်း၈၂၀ကျသင့်မှာဖြစ်ကြောင်း၊ပုံမှန်နှစ်ရှည်အရစ်ကျအတိုးမဲ့ငွေချေစနစ်နှင့်ဝယ်ယူလျှင် အိပ်ခန်းနှစ်ခန်းပါတစ်ခန်းကိုကျပ်၅၆၃သိန်းဖြင့်စတင်မှာဖြစ်ကြောင်း၊အခန်းတန်ဖိုးများမှာပထမထပ်မှစတုတ္ထ အထပ်အထိဈေးတစ်မျိုးဖြစ်ပြီး၊ပဉ္စမထပ်မှအဋ္ဌမထပ်အထိဈေးနှုန်းပိုမြင့်မည်ဖြစ်ကြောင်းသိရသည်။

တိုက်ခန်းဝယ်ယူသူများဘက်မှတိုက်ခန်းတည်ဆောက်ထားသောမြေဧရိယာကိုစုပေါင်းပိုင်ဆိုင်သောစနစ်ရ ရှိပြီး ရန်သူမျိုးငါးပါးကြောင့်အဆောက်အအုံပျက်စီးလျှင်အဆောက်အအုံပြန်ဆောက်ရန်ကုန်ကျငွေအားတိုက်ခန်းပိုင်ဆိုင်သူများဘက်မှအချိုးကျပြန်လည်ထည့်ဝင်တည်ဆောက်နိုင်မှာဖြစ်ကြောင်းသိရသည်။

Source:Kumudra Journal
 

Local Residential Read 56 times