GEMS Garden Condominium သည် အင်းစိန်လမ်းမကြီး၊ လှိုင်မြို့နယ်တွင် လူနေတိုက်ခန်း ၆၀၀ နီးပါး ပါဝင်သော စီမံကိန်းကို Capital Development မှ အဓိကတာဝန်ယူ တည်ဆောက်ကြောင်း သိရှိရသည်။
ထိုစီမံကိန်းသည် ရန်ကုန်မြို့၏ အချက်အချာကျသော ပြည်လမ်းနှင့် အင်းစိန်လမ်းကြားတွင် တည်ရှိပြီး ၃.၄ ဧက ကျယ်ဝန်းကြောင်း သိရှိရပါသည်။
ယင်း စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ခန့်ကုန်ကျ ကြောင်းသိရှိရပါသည်။
အဆောက်အဦးနှင့်ဒီဇိုင်း
Gems Garden ကိုစင်ကာပူနိုင်ငံမှ RSP ကုမ္မဏီမှ ဒီဇိုင်းရေးဆွဲပြီး ဗီယက်နမ်မှ Hoa Binh Construction မှတာဝန်ယူဆောက်လုပ်ကြောင်းသိရပါသည်။ Structure ပိုင်းဒီဇိုင်းကို A&A Consultant ကတွက်ချက်ပေးသည် ဟုသိရပါသည်။ ၂၀၁၃ ခုနှစ်မှ စတင်၍ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။
ထိုစီမံကိန်းတွင်အထပ် ၂၁ထပ်တာဝါ လေးခုပါဝင်ပြီး နှင့် အခန်းပေါင်း ၅၈၄ ခန်းဖြင့် ဖွဲ့စည်းထားကြောင်း သိရပါသည်။ အခန်းအမျိုးအစားမှာနှစ်ယောက်ခန်း သုံးယောက်ခန်းစသည်ဖြင့်ရှိပြီး အခန်းအကျယ်အဝန်းအနေဖြင့် ၈၉၇ စတုရန်းပေ မှ ၁၅၀၅ စတုရန်းပေ အထိရှိသည်။
အခန်းတိုင်းတွင် air conditioning၊ မျက်နှာကျက်များသည် အိပ်ခန်း၊ထမင်းစားခန်း၊ ရေချိုးခန်း၊မီးဖိုခန်း၊ ရေချိုးခန်း၊အိမ်သာ နှင့်လသာဆောင်များအထိပါတပ်ဆင်ထားကြောင်းသိရပါသည်။ထို့ပြင်အခန်းနံရံများကိုလဲ သလင်းကျောက်များဖြင့်ပြုလုပ်ထားပြီး ခန်းဆီးများကိုလဲအစိုဓာတ်ခံနိုင်သော plaster board များဖြင့်ပြင်ဆင်ထားကြောင်းသိရပါသည်။
Germs Garden သည် Capital City စီမံကိန်း၏ ပထမဆုံးအဆင့် စီမံကိန်းဖြစ်ကြောင်းနှင့် ယင်းစီမံကိန်းတွင် shopping mall, အဆင့်မြင့် လူနေအိမ်များနှင့် ရုံးခန်းအဆောက်အဦးများ ပါဝင်ကြောင်းသိရပါသည်။
အဆောက်အအုံ ၏ ငါးလွှာ တွင် ရေကူးကန် ထားရှိပြီး မြေညီထပ် တွင် ကားပါကင် ဆောက်လုပ်ထားကြောင်း သိရပါသည်။
ယခုအခါတွင် towers များသည် ဆောက်လုပ်ပြီးစီးပြီဖြစ်သည့်အတွက် ၂၀၁၆ခုနှစ် အောက်တိုဘာလကုန်တွင် စတင်နေထိုင်နိုင်မည်ဖြစ်ကြောင်းသိရပါသည်။
Pricing and Sales Model
အခန်းများကို ၂၀၁၃ ခုနှစ် အောက်တိုဘာ တွင်စတင်အရောင်းဖွင့်လှစ်ခဲ့ကြောင်းသိရပါသည်။
ကွန်ဒိုတွင် အထပ်ပေါင်း (၂၁) ထပ်ရှိပြီး အထပ်အနိမ့်အမြင့်အပေါ် မူတည်၍ ဈေးနှုန်းအမျိုးမျိုး ရှိကြောင်း သိရသည်။ အခန်းဈေးနှုန်းမှာ စတုရန်းတစ်ပေလျှင် ကျပ်ငွေ နှစ်သိန်းမှ သုံးသိန်း ရှိပါသည်။
ဝယ်ယူသူများအနေဖြင့် အခန်းတန်ဖိုး၏ ၄၀ ရာခိုင်နှုန်းကို အရင်ပေးသွင်း၍ နေထိုင်နိုင်ပြီး ကျန် ၆၀ရာခိုင်နှုန်းကို အရစ်ကျစနစ်ဖြင့် ဝယ်ယူပြီးသည့် အချိန်မှစ၍ တစ်နှစ် မှ ခြောက်နှစ်အတွင်း AYA Bank နှင့်ချိတ်ဆက်ပြီးပေးသွင်းနိုင်ပါသည်။
ဘဏ်နှင့်မချိတ်ဆက်ပဲ ငွေသားဖြင့် ပေးသွင်းလိုပါက အခန်း တန်ဖိုး၏ ၅၀ရာခိုင်နှုန်းကို အရင်ပေးသွင်းပြီး ကျန် ၅၀ရာခိုင်နှုန်းကို တစ်နှစ်အတွင်း အရစ်ကျ ပေးသွင်း နိုင်ကြောင်းသိရပါသည်။
This is an original writing of Myanmar Builders Guide based on information sourced from the developer, Gems Garden Facebook page, Myanmar Times and Myanmar Business Today.