ထိုစီမံကိန်းကို သာကေတမြို့နယ် လယ်ယာမှ စွန့်ပစ်သောအမှိုက်များမှ စွမ်းအင်ထုတ်လုပ်နိုင်သော စက်ရုံတည်ဆောက်ပြီး လျှပ်စစ်ထုတ်လုပ်ရန်စီစဉ်နေကြောင်းသိရသည်။
စီမံကိန်းပြုလုပ်မည့် နေရာတွင် ရှိနေသောကျုးကျော်တဲများကို ဖယ်ရှားနိုင်ရန် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် အုတ်ဖောင်ဒေးရှင်း ခြံစည်းရိုးခတ်ရန် စီစဉ်နေသည် ဟုသိရသည်။
ရန်ကုန်မြို့တွင် အမှိုက်မှ လျှပ်စစ်ထုတ်လုပ်သော စက်ရုံကို တည်ဆောက်ပြီး လိုအပ်သောလျှပ်စစ်ဓာတ်အားကို ဖြေရှင်းနိုင်မည်ဖြစ်ပါသည်။
အမှိုက်မှ စွမ်းအင်ထုတ်လုပ်သောစွမ်းအင်ထုတ်လုပ်သောစက်ရုံကို ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်ကြားလှေခါးလမ်းဘေးတွင် တည်ဆောက်ထားသည်ကို လည်းတွေ့ရသည်။
ထိုစက်ရုံတွင် အမှိုက်မှ တစ်နာရီလျှင် လျှပ်စစ် ၇၀၀ ကီလိုဝပ်ထုတ်လုပ်နိုင်မည်ဖြစ်သည်။
ထိုစက်ရုံကို လာမည့် ဧပြီလတွင် စတင်စမ်းသပ်လည်ပတ်နိုင်တော့မည်ဖြစ်ကြောင်းသိရသည်။
ထိုစက်ရုံမှာ လက်ရှိတွင် ၉၄ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်သည်ဟုသိရသည်။
အမှိုက်မီးရှို့စက်ကို ဂျပန်နိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့မှ ပူးတွဲအကောင်အထည်ဖော်ထားကြောင်းသိရသည်။
သာကေတလယ်ယာအမှိုက်ပုံမှ လျှပ်စစ်ထုတ်လုပ်မည့်နေရာတွင် Wave to energy စက်ရုံကို ထည့်သွင်းတည်ဆောက်မည်ဖြစ်သောကြောင့် အုတ်ဖောင်ဒေးရှင်းဖြင့် ခြံစည်းရိုးခတ်မည်ဖြစ်ကြောင်းသိရသည်။
Source:kumudra journal