Gloden Parami Condominium


26 October, 2020

Golden Parami စီမံကိန်းသည် အောင်ဓမ္မရိပ်သာလမ်းနှင့် ပါရမီလမ်းထောင့်၊ လှိုင်မြို့နယ်တွင် တည်ဆောက်လျှက်ရှိသည့် စီမံကိန်းဖြစ်ပါသည်။

စီမံကိန်းသည် ၂၀၁၃ ခုနှစ်တွင် စတင်ဆောက်လုပ်လျှက်ရှိပြီး ၂၀၁၈ခုနှစ်တွင်ဆောက်လုပ်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

စီမံကိန်းကို မြေ ၂ ဧက ကျော်တွင် တည်ဆောက်မည့် စီမံကိန်းဖြစ်ကြောင်း သိရသည်။

Golden Parami အဆောက်အဦးသည် Tower နှစ်ခုပါဝင်ပြီး မြေအောက်ခန်းတွင်ရေကူးကန် တစ်ထပ်နှင့် ကားပါကင်နှစ်ထပ်ပါဝင်ပါသည်။ Tower တစ်ခုလျှင် ရှစ်လွှာဖြစ်ပြီး အခန်းပေါင်း ၆၄ ခန်းပါဝင်ပါသည်။

Shine Construction ကထိုစီမံကိန်းကို တာဝန်ယူတည်ဆောက်ကြောင်းသိရသည်။

Tower A တွင် ဓာတ်လှေခါး နှစ်စင်းပါဝင်ပြီး Tower B တွင် ဓာတ်လှေခါး နှစ်စင်းနှင့် Penthouse တစ်ခုစီ ပါဝင်မည်ဟု သိရသည်။

Golden Parami ကွန်ဒို၏ ပေးရမည့် နှုန်းထားမှာ တစ်စတုရန်းပေလျှင် ၂ သိန်း ၈ သောင်းခန့် ကျသင့်မည်ဖြစ်ကြောင်း သိရသည်။ Master Bed Room တစ်ခန်း၊ တစ်ယောက်အိပ်ခန်း နှစ်ခန်း၊ မီးဖိုခန်း ထမင်းစားခန်းနှင့် ဧည့်ခန်းတို့ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အခန်းအကျယ်အဝန်းမှာ ၁၇၀၀ စတုရန်းပေမှ ၂၀၀၀ စတုရန်းပေခန့်ရှိကြောင်း သိရသည်။

ငွေပေးချေမှုမှာ ငွေသား ၅၀% ကို အရင်ပေးချေရမည်ဖြစ်ပြီး ကျန် ၅၀% ကို ငွေသားချည်းသက်သက် နှစ်နှစ်အထိ ကုမ္ပဏီသို့ တိုက်ရိုက်အရစ်ကျ ပေးချေရမည်ဖြစ်ကြောင်း သိရသည်။

၎င်းအပြင် ကမ္ဘောဇဘဏ်နှင့်လည်း လေးနှစ်အထိ အရစ်ကျ ပေးချေနိုင်ကြောင်း သိရသည်။

Source: Golden Parami condominium

Residential Read 41 times