Golden City အိမ်ရာ စီမံကိန်းရှိ အခန်း ၁,၂ဝဝ ကျော် အနက် အများစုကို ရောင်းချ ထားပြီးဖြစ်၍ စီမံကိန်းကို ၂ဝ၂ဝ ပြည့်နှစ်တွင် အပြီးသတ် ဆောင် ရွက်မည်ဟု အဆိုပါစီမံကိန်း အရောင်းပိုင်းဆိုင်ရာ ဒါရိုက်တာ ဦးကျော်စည်သူက ပြောသည်။
‘‘စဆောက်ကတည်းက ရပ် ဆိုင်းတာ၊ တုံ့ဆိုင်းတာ မရှိခဲ့ပါ ဘူး။ ဒါပေမဲ့ ဌာနဆိုင်ရာ ခွင့်ပြု ချက်တွေအတွက် နှောင့်နှေးတာပဲ ရှိပါတယ်’’
ဟု ဦးကျော်စည်သူက ပြောသည်။
တပ်မတော် ပင်စင်ရုံးမြေ နေရာကို အစိုးရထံမှ BOT စနစ် ဖြင့် နှစ် ၇၀ လွှဲပြောင်းရယူထားသည့် အဆိုပါစီမံကိန်းကို ၂ဝ၁၄ က စတင်ဆောက်လုပ်ပြီး လူနေအိမ်ရာများ ဆောက်လုပ်ပြီးစီး၍ မကြာမီ အခန်းများ အပ်နှံမည်ဟု ၎င်းကဆက်လက်ပြောသည်။
စီမံကိန်းတွင် ၃၃ ထပ်ရှိ သည့် ကွန်ဒိုတိုက် ခုနစ်ခု၌အခန်း ၁,၂ဝဝ ကျော်ရှိပြီး ကွန်ဒိုတိုက် လေးခုမှ တိုက်ခန်း ၈ဝ ရာခိုင် နှုန်းကျော် ရောင်းချထား၍ ဝယ် ယူထားသူများကို ၂၀၁၆ တွင် အခန်းအပ်ပြီးဖြစ်ကာ ကျန်တိုက် သုံးခုသည် အခန်းထက်ဝက် ရောင်းချထားပြီးဖြစ်ကြောင်း ဦးကျော်စည်သူက ဆိုသည်။
၂ဝ၁၉ တွင် ရှော့ပင်းမောလ်,ဟိုတယ်နှင့် ၂ဝ၂၀ တွင် Service Apartment ကို အပြီးတည်ဆောက်မည်ဖြစ်ပြီး ထိုလုပ်ငန်းများ ပြီးစီးပါက စီမံကိန်းတစ်ခုလုံး ပြီးစီးမည်ဖြစ်သည်။ထိုစီမံကိန်းကို စင်ကာပူ အခြေစိုက် Golden Land အိမ် ရာဖွံ့ဖြိုးရေးကုမ္ပဏီက တာဝန် ယူ တည်ဆောက်ခြင်းဖြစ်ပြီး စုစု ပေါင်း ရင်းနှီးမြှုပ်နှံငွေ ကန်ဒေါ်လာသန်း ၂၉ဝ ခန့်ဖြင့် တည်ဆောက်နေသည်။