သင်သိထားသင့်သော သမိုင်းဝင် ဂုတ်ထိပ်တံတားကြီးအကြောင်း


19 November, 2020

မြန်မာနိုင်ငံအတွင်း တည်ရှိသည့် နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိ ဂုတ်ထိပ်တံတားသည် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်အတွင်း တည်ရှိပြီး တောင်ကြား နှစ်ခုကို ဖြတ်၍ ဖောက်လုပ်တည်ဆောက်ထားသည့် ကမ္ဘာ့အမြင့်ဆုံး ရထားလမ်းတစ်ခုအဖြစ်လည်း ထင်ရှားခဲ့သည်။

ဂုတ်ထိပ်တံတားသည် မန္တလေး-လားရှိုး မီးရထားလမ်းပေါ် ရှိ နောင်ချိုဘူတာ နှင့် နောင်ပိန် ဘူတာအကြားတွင် တည်ရှိပြီး မော်တော်ယာဉ်ဖြင့်လည်း နော်ချိုမြို့မှာ တဆင့် သွားရောက်နိုင်ကြသည်။

အဆိုပါ ဂုတ်ထိပ်တံတား ကိုတော့ ယခင်က ခရီးသွားများကို လမ်းလျှောက်ဖြတ်သန်းခွင့်ပြုခဲ့သော်လည်း ယခုအခါမှာတော့ တံတားကြီး ရေရှည်ကြံ့ခိုင်မှုရှိစေရန် နှင့် ခရီးသွားများအသက်အန္တရာယ် မဖြစ်စေရန် ဖြတ်သန်းခွင့်ကို တားမြစ်ထားသည်။

The world largest trestle လို့ အသိမှတ် ပြုထားသည့် တံတာဖြစ်ပြီး Trestle ဆိုတာ စတီး၊ သံမဏိ၊ သံချောင်း များဖြင့် ထောက်ခံ ထားသော တံတားဟု လွယ်လွယ် ကူကူ ဘာသာ ပြန်နိုင်သည်။

မြန်မာ အခေါ် မြင်းခုံ ဖြစ် သည်။

၁၈၉၉ ခုနှစ်တွင် တည်ဆောက်ပြီး ၁၉ဝဝ ခုနှစ်တွင် ပြီးစီးခဲ့သည်။၁၉ဝ၃ ခုနှစ် မှ စတင်အသုံးပြုခဲ့သည်ဟု မြန်မာ့ စွယ်စုံကျမ်းတွင် ဖော်ပြထားသည်။ဗြိတိသျှ ကိုလိုနီ တို့ တည်ဆောက်ပေးခဲ့သည်ဟု အကြမ်းဖျင်း မှတ်ယူသော်လည်း တာဝန်ယူတည်ဆောက်ပေးခဲ့သော ဗမာ့မီးရထားလမ်းကုမ္ပဏီ(Burma Railroad Company)ဖြစ်သည်။ယင်းကုမ္ပဏီတွင် မြန်မာ အင်ဂျင်နီယာများ ပါဝင်ပြီး ဦးဆောင်တည်ဆောက်သူမှာ Sir Arthur Rendel ဖြစ်ပြီး အသုံးပြုသည့် အစိတ်အပိုင်းများအား အမေရိကန်မှ တိုက်ရိုက်မှာ ယူထားခြင်းဖြစ်သည်။

ပင်လယ်ရေမျက်နှာပြင် အမြင့် ပေ ၂၂၆ဝ ပေ မှာ တည်ရှိပြီး တံတားကြီးကို ထောက်ပင့်ထားသည့် သံတိုင်များအနက် အမြင့်ဆုံး တိုင်သည် ပေ ၃၂ဝ မြင့်၍ တံတားအကျယ် ၁၂ဝ ရှိကာအနိမ့်ဆုံး သံတိုင်သည် ၄၅ ပေခန့် ရှိသည်။ ပေ ၃ဝဝ ကျော်မတ်စောက်သည့် တောင်ကြား ၂ ခုကို ဖြတ်သန်း ဖောက်လုပ်ထားပြီး တံတားသံတိုင်ပေါင်း ၁၆ ခု ရှိပြီး တံတားပေ အရှည် ကတော့ ပေ ၂၂၆ဝ ပေ ရှိသည်။

တံတားအောက်ရှိ လိုဏ်ဂူအောက်တွင် ဖြတ်သန်းစီးဆင်းနေသည့် မြစ်ရေပြင် မှ အထက် ပေ ၈၂၅ ဖြစ်ပြီး အမြင့်ဆုံးထောက်တိုင် အပေါ်ရှိ သံလမး်သည် မြေပြင်မှာ ပေ ၃၃၅ ပေမြင့်ကာ အဆိုပါတံတား တည်ဆောက် ခဲ့စဉ်က ကုန်ကျစရိတ်ကတော့ ခေတ်ကာလအလိုက် ကုန်ကျစရိတ် စတာလင်ပေါင် ၁၁၃၂ဝဝ ခန့် ကုန်ကျခဲ့သည်။

ယင်း တံတားကို တည်ဆောက် သည့် နည်းပညာ အဆင့်မြင့် မှု နှင့် သဘာဝ ပတ်ဝန်းကျင်လှ ပမှု တို ့ကြောင့် ခေတ်အဆက်ဆက် ထင်ရှား ကျော်ကြား လာသော တံတား ဖြစ်ပြီး ကမ္ဘာ့အံ့ဖွယ်စာရင်း များတွင် ပါဝင်ခဲ့ သည်။

ယနေ့ တိုင်ထိလည်း မြန်မာ ပြည်၏ အမြင့်ဆုံး တံတား၊ ကမ္ဘာ့ အကြီးဆုံး မီးရထား သံလမ်း တံတား (မြင်းခုံ တံတား) ဟု မှတ်ကျောက်တင် ဆဲ ဖြစ်ကြောင်း သိရပါတယ်။

ခေတ်အ ဆက်ဆက် ပျက်ဆီး ယိုယွင်းမှု များကို ထိန်းသိမ်း လာခဲ့ခြင်း ကြောင့် ယနေ့တိုင် တည်ရှိနေ ဆဲဖြစ်သည့် Goteick viaduct သည် ကမ္ဘာလှည့် ခရီး သည်များ၏ စိတ်ဝင် စားဖွယ်၊ သွားရောက် လေ့လာဖွယ် နေရာ တစ်ခု ဖြစ်ကြောင်း သိရပါ တယ်။

Source:Website

Local Read 32 times