အစိုးရဘဏ်များတွင် အထပ်မြင့်နှင့် အထပ်နိမ့် အဆောက်အအုံအာမခံကြေး ပေးသွင်းနိုင်မည်


01 March, 2020

ရန်ကုန်မြို့အတွင်း တည်ဆောက်မည့် အထပ်မြင့်နှင့် အထပ်နိမ့် အဆောက်အအုံများ၏ အဆောက်အဦဆိုင်ရာ ကိစ္စအဝဝအတွက် အဆောက်အအုံအာမခံကြေး ငွေကျပ် သိန်း ၅၀ ကို အစိုးရဘဏ်များတွင် ပေးသွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆောက်အုံအာမခံကြေး ပေးသွင်းနိုင်သော အစိုးရဘဏ် စုစုပေါင်း ၅ ခုရှိပြီး ကျောက်တံတားမြို့နယ် (၄၆) လမ်းရှိ မြို့တော်ခန်းမအနောက်ဘက်၊ ဗိုလ်တထောင်မြို့နယ်ရှိ YCDC ရုံးဝင်းအတွင်း၊ မရမ်းကုန်းမြို့နယ်ရှိ ဘုရင့်နောင်ပွဲရုံးဝင်းအတွင်း၊ မြောက်ဥက္ကပမြို့နယ်ရှိ အောင်မင်္ဂလာအဝေးပြေးဝင်းအတွင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ မင်္ဂလာဈေးဝင်းဘေးတို့တွင် ပေးသွင်းနိုင်ပါသည်။

ငွေသွင်းချလံဖြည့်စွက်ရာတွင် အခက်အခဲများရှိပါက ဖုန်း ၀၉-၄၄၈၀၄၃၁၁၊ ၀၉-၄၀၁၆၃၉၅၇၅၊ ၀၉-၄၄၃၁၇၁၀၀၇ သို့ ဆက်သွယ်မေးမြန်း ဆောင်ရွက်နိုင်ပါသည်။

Local Read 42 times