ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးအစိုးရထံမှ တင်ဒါအောင်သည့် ဆောက်လုပ်ရေးကုမ္ပဏီများသို့ဆောက်လုပ်ရေး၊အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်(CHIB) မှ ချေးငွေများစတင်ထုတ်ပေးမည်ဟု
ဘဏ်အုပ်ချုပ်မှုဒါရိုက်တာ မှ ပြောကြားကြောင်း သိရသည်။
နှစ်ပတ်လည် အစည်းအဝေးတွင် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) အမည်အစား ဆောက်လုပ်ရေးအိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHIB)ဟူ၍ ပြောင်းလဲခေါ်ဝေါ်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် တင်ဒါအောင်ထားသည့် ဆောက်လုပ်ရေးကုမ္ပဏီလေးခုသို့ အတိုး ၁၃ရာခိုင်နှုန်းဖြင့် ချေးငွေထုတ်ပေးမည်ဖြစ်သည်။ကုမ္ပဏီနှစ်ခုအား ချေးငွေ ထုတ်ပေးပြီးဖြစ်ကာ ကျန်နှစ်ခု ကို ယခုလအတွင်း ပေးမပ်မည်ဟု အထွေထွေမန်နေဂျာ မှ ပြောကြားကြောင်း သိရသည်။
နိုင်ငံတော် ဘဏ္ဍာငွေနှင့် လုပ်သော ထူထောင်ရေးလုပ်ငန်းများတွင် အဆင်ပြေရန် ဘဏ်မှ လုပ်ပေးခြင်းဖြစ်သည်။ဌာနများမှ ဆောက်လုပ်ရေးကုမ္ပဏီများအား တည်ဆောက်ရေးပြီးစီးမှုရာခိုင်နှုန်းအလိုက်ငွေချေခြင်းဖြစ်သည်။
***သင်စိတ်ဝင်စားနိုင်သော မန္တလေးအိမ်ခြံမြေငှားရမ်းခ ၂ဝ၁၈တွင်မြင့်တက်လာနိုင်ဖွယ်ရှိနှင့် ရန်ကုန်မြို့တွင်းအိမ်ခြံမြေ ငှားရမ်းမှု အခြေအနေ***
ဥပမာ တည်ဆောက်ရေးလုပ်ငန်း ၂၅ရာခိုင်နှုန်းပြီးတိုင်း ငွေတစ်ခါချေခြင်းမျိုးဖြစ်သည်။စာချုပ်တစ်ခုနှင့် တစ်ခုအလိုက် ရာခိုင်နှုန်းသတ်မှတ်ချက်မတူညီပေ။များသောအားဖြင့် ကုမ္ပဏီများမှ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုလုံး ကုန်ကျစရိတ်၏ ၁၅ရာခိုင်နှုန်း ခန့်သာ တတ်နိုင်ကြကြောင်း သိရသည်။
တည်ဆောက်မှုကုန်ကျစရိတ်စုစုပေါင်း၏၁ဝရာခိုင်နှုန်းမှ ၃ဝရာခိုင်နှုန်းထိ ချေးငွေထုတ်မည်ဖြစ်ပြီး ငွေမမာဏအား သတ်မှတ်ထားခြင်းမရှိဟု သိရသည်။
တင်ဒါအောင်သည့်ဆောက်လုပ်ရေးကုမ္ပဏီများချေးငွေရယူလိုပါက သက်ဆိုင်ရာ ဆောက်လုပ်ရေးလုပ်ငန်းရာခိုင်နှုန်း မည်မျှ ပြီးစီးကြောင်း ဆိုင်ရာ အစိုးရဌာန၏ ထောက်ခံချက်လိုအပ်မည်ဖြစ်သည်။
ယင်းနောက်တည်ဆောက်မှုလုပ်ငန်း ရာခိုင်နှုန်းအလိုက်ပြီးစီး၍အစိုးရမှ ငွေပေးချေမည့်အချိန်တါင် ငွေအား CHIB ဘဏ်မှ တစ်ဆင့်လွှဲရမည်ဖြစ်ပြီး ယင်းငွေမှ ချေးငွေနှင့် ကျသင့်သည့် အတိုးငွေကို ဘဏ်မှ နုတ်ယူကာ ပိုသည့်ငွေကို ဆောက်လုပ်ရေးကုမ္ပဏီအားပေးမည်ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏အခြေခံအဆောက်အအုံ တည်ဆောက်ရေးများတွင် တင်ဒါအောင်မြင်ပြီး ငွေကြေးလည်ပတ်ရန်အခက်အခဲရှိသော
ကုမ္ပဏီများကိုလည်း ချေးငွေပေးရန်စီစဉ်ဆောင်ရွက်နေမှုများ ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မှ ဒီဇင်ဘာ ၉ရက်တွင် ပြုလုပ်သည့် ဘဏ်နှစ်ပတ်လည် အစည်းအဝေးတွင် ပြောကြားထားကြောင်း သိရသည်။
Source:7 day Daily