Grand Myakanthar Condominium စီမံကိန်းကို မြကန်သာလမ်းနှင့်မြနန္ဒာလမ်းထောင့်၊ လှိုင်မြို့နယ်တွင် တည်ဆောက်လျှက်ရှိကြောင်းသိရသည်။
အဆောက်အဦးနှင့်ဒီဇိုင်း
ယင်းစီမံကိန်းကို တကောင်ဘွားဆောက်လုပ်ရေးမှ တာဝန်ယူဆောက်လုပ်ထားပြီး မလေးရှားနိုင်ငံမှ BYG Architecture မှဒီဇိုင်းရေးဆွဲပေးထားခြင်းဖြစ်သည်။
ထိုစီမံကိန်း၏ M&E အကြံပေးအဖြစ် မြန်မာနိုင်ငံမှ Muliti Techno Power Engineering မှပြုလုပ်ပေးထားပြီး အဆောက်အဦးတည်ဆောက်ပုံအကြံပေးအဖြစ် Unity Strength မှတာဝန်ယူထားကြောင်းသိရသည်။
ယင်းစီမံကိန်းကို ၂၀၁၄ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၃နှစ်စီမံကိန်းဖြစ်၍ ၂၀၁၇ ခုနှစ်တွင် အပြီးသတ်ဆောက်လုပ်မည်ဟု သိရသည်။
ထိုစီမံကိန်းတွင် တာဝါ A နှင့် တာဝါ B ဟူ၍ တာဝါနှစ်ခုပါဝင်မည် ဖြစ်ပြီး အထပ်ပေါင်း ၁၈ ထပ်ပါဝင်မည်ဖြစ်သည်။
ထိုအဆောက်အဦးများတွင် တစ်လွှာ ၇ ခန်း၊ ၈ ခန်း၊ ၉ ခန်းအမျိုးမျိုးပါဝင်ပြီး လူနေအိမ်ခန်း ၁၆၀ ပါဝင်ကြောင်းသိရသည်။
ယင်းစီမံကိန်းတွင် မြေညီထပ်မှ ၄ လွှာအထိကားပါကင်ပါဝင်မည်ဖြစ်ပြီး ဝယ်ယူသည့်အခန်းကျယ်လျှင် ကားနှစ်စီးရပ်နားနိုင်မည်ဖြစ်သည်။
ထိုစီမံကိန်း၏ ၅ လွှာတွင် ရေကူးကန်၊ အားကစားခန်းမအစရှိသည့် facilities များပါဝင်မည်ဟု သိရသည်။
ယင်းစီမံကိန်း၏ အပေါ်ထပ် ၆ လွှာမှစ၍ လူနေအိမ်ယာများဖြစ်ပြီး အပေါ်ထပ် ၁၇ လွှာနှင့် ၁၈လွှာတွင် penthouse ပါဝင်မည် ဖြစ်သည်။
အခန်းအကျယ်အဝန်းနှင့်အခန်း pricing
အခန်းအကျယ်အဝန်းမှာ စတုရန်းပေ ၁၃၀၀ ကျော်မှ ၂၀၀၀ ကျော်အထိကျယ်ဝန်ုးပြီး အခန်း pricing မှာ စတုရန်းတစ်ပေလျှင် နှစ်သိန်းကျပ်ကျသင့်မည်ဟု သိရသည်။
ငွေပေးချေမှု
ငွေပေးချေမှုမှာ ပထမဆုံး ၃၅ ရာခိုင်နှုန်းအရင်ပေးသွင်းရမည်ဖြစ်ပြီး ၆၀ ရာခိုင်နှုန်းကို တစ်နှစ်ခြောက်လ အရစ်ကျပေးချေရမည်ဖြစ်ပြီး ကျန် ၅ ရာခိုင်နှုန်းကို အခန်းအပ်သည့်အချိန်တွင် ပေးချေရမည်ဖြစ်ကြောင်းသိရသည်။
This is an original writing of Myanmar Builders Guide based on information sourced from tagaungbwar website, imyanmarhouse website, tagaungbwar office.