Grand Wireless Condominium စီမံကိန်းကို အမှတ် ၂၇၇၊ အရှေ့ဝါယာလတ်(၂) လမ်း၊ မရမ်းကုန်းမြို့နယ်တွင် တည်ဆောက်နိုင်ကြောင်းသိရသည်။
ထိုစီမံကိန်းကို MMM construction မှတာဝန်ယူဆောက်လုပ်ပေးထားပြီး ST & T Architect မှဒီဇိုင်းရေးဆွဲပေးထားခြင်းဖြစ်သည်။
၂၀၁၉ ဒီဇင်ဘာကုန်တွင်တည်ဆောက်ပြီးစီးမည်ဖြစ်ပြီး ၂၀၂၀ ၅ လပိုင်းတွင် နေထိုင်ခွင့်ရနိုင်မည်ဖြစ်ကြောင်းသိရသည်။
ယင်းစီမံကိန်းကို မြေဧက ဝ.၅၉ ဧကပေါ်တွင်တည်ဆောက်ထားကြောင်းသိရသည်။
ထိုစီမံကိန်းတွင် အထပ်ပေါင်း ၈ ထပ်ခွဲပါဝင်တည်ဆောက်မည်ဖြစ်ပြီး တစ်လွှာတွင် ၁၀ ခန်းပါဝင်မည်ဖြစ်သည်။
ယင်းအဆောက်အဦး၏ basement ၁ ထပ်နှင့် မြေညီထပ်တွင်ကားပါကင်ထားရှိမည်ဖြစ်ပြီး ရေကူးကန်၊ အားကစားခန်းမ ၊ ကလေးကစားကွင်း အစရှိသည့် facilities များလဲထားရှိမည်ဖြစ်သည်။
ထိုစီမံကိန်းတွင် penthouse သုံးလုံးပါဝင်မည်ဖြစ်ပြီး အခန်းအမျိုးအစား ငါးမျိုးပါဝင်မည်ဖြစ်သည်။
အခန်းအမျိုးအစားများကို Unit A ၊B ၊C ၊D ၊E ဟူ၍ခွဲထားပြီး Unit Aမှာ စတုရန်းပေ ၁၄၈၄ ရှိမည်ဖြစ်သည်။
Unit B နှင့် C အကျယ်အဝန်းမှာ ၁၅၆၂ စတုရန်းပေရှိပြီး Unit D နှင့် E ၏ အခန်းအကျယ်အဝန်းမှာ စတုရန်းပေ ၁၈၃၅ မှ ၂၁၀၆ စတုရန်းပေအသီးသီးရှိကြောင်းသိရသည်။
အခန်း pricing မှာ ၂ လွှာ ၃ လွှာ ၄လွှာ တို့တွင် တစ်စတုရန်းပေလျှင် တစ်သိန်းကိုးသောင်းကျသင့်ကြောင်းသိရသည်။
၅လွှာ ၆ လွှာ ၇ လွှာ တို့တွင် တစ်စတုရန်းပေလျှင် တစ်သိန်းကိုးသောင်းရှစ်ထောင်ကျသင့်ကြောင်းသိရသည်။
ငွေပေးချေမှုမှာ down payment ၅၀ ရာခိုင်နှုန်းပေးချေရမည်ဖြစ်ပြီး ကျန်၅၀ ရာခိုင်နှုန်း ကိုကုမ္ပဏီနှင့်ညှိနှိုင်းပေးချေနိုင်ကြောင်းသိရှိရသည်။