ထိုကွန်ဒိုသည်M.M.M Construction မှဆောက်လုပ်နေသည့်အဆောက်အအုံဖြစ်ကြောင်းသိရသည်။
ယင်းကွန်ဒိုကိုရန်ကုန်တိုင်း၊ကမ္ဘာအေးမြို့နယ်ရှိအရှေ့ဝါယာလက်(၂)လမ်းတွင်ဆောက်လုပ်နေသည်။
ထိုGrand Wireless Condo ကို၂၀၁၆ခုနှစ်တွင်စတင်ဆောက်လုပ်ခြင်းဖြစ်ပြီး၂၀၁၉ခုနှစ်ဇွန်လတွင်ပြီးစီးမည် ဟုခန့်မှန်းထားကြောင်းသိရသည်။
မြေဧကအကျယ်အဝန်းမှာဝ.၅၁၉ဧကခန့်ပေါ်တွင်တည်ဆောက်ထားကြောင်းသိရသည်။
ယင်းကွန်ဒိုတွင်အလွှာပေါင်း၈ထပ်ပါဝင်ပြီးပထမထပ်မှစပြီးတစ်လွှာတွင်၁၀ခန်းပါရှိပြီးမြေညီထပ်တစ်လွှာတွင် Hall Type ၂ခန်းတွဲပါရှိမည်ဟုခန့်မှန်းထားကြောင်းသိရသည်။
အခန်းအမျိုးအစားUnitA,B,C,D,E ရှိပြီး UnitA သည်၁၄၈၄စတုရန်းပေ၊ Unit B နှင့် C သည် ၁၅၆၂စတုရန်းပေ၊Unit D သည် ၁၈၃၅ စတုရန်းပေ၊ Unit E သည် ၂၁ဝ၆ စတုရန်းပေ ကျယ်ဝန်းကြောင်းသိရသည်။
Penthouse သုံးခန်းပါရှိပြီးဓာတ်လှေကားသုံးစင်းပါရှိမည်ဟုသိရသည်။
ကားများအားBasementတွင်သာမကမြေညီထပ်တွင်ပါရပ်နားနိုင်ကြောင်းသိရသည်။
ရေကူးကန်၊အားကစားခန်းမ၊ကလေးကစားကွင်း၊Sky Garden နှင့်Function room များပါ ပါကြောင်းသိရသည်။
ပရိဘောဂပစ္စည်းမပါဝင်ပဲDecoration ပိုင်းဖြစ်သောပါကေး၊ကြွေပြားများနှင့်aircon များပါတပ်ဆင်ပေးထားကြောင်းသိရသည်။
အခန်းတန်ဖိုးမှာ ၁စတုရန်းပေလျှင် တစ်သိန်းရှစ်သောင်းငါးထောင်ခန့်ဟုသိရှိရသည်။