ပဲခူးတိုင်းဒေသကြီးအတွင်းတွင်ပြုလုပ်မည့်ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်အားလာမည့်ငါးနှစ်အတွင်း ဖွင့်လှစ်အသုံးပြုနိုင်ရန်ရည်ရွယ်ထားကြောင်းရန်ကုန်တိုင်းဒေသကြီးအစိုးရရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့်ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)တို့ပူးပေါင်းပြုလုပ်သောမြို့ပြ ဖွံ့ဖြိုးရေးမဟာဗျူဟာစီမံကိန်းနှင့်မြို့ပြသယ်ယူပို့ဆောင်ရေးအနှစ်ချုပ်အစီရင်ခံစာအရသိရသည်။
ယခုမင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာလေဆိပ်သည်၂၀၁၅ခုနှစ်အထိအသုံးပြုသွားလာသောခရီးသည်ပေါင်း ၄ဒသမ၉သန်းရှိလာပြီဖြစ်ကြောင်း၊နှစ်စဉ်တိုးပွားနှုန်း၁၈ရာခိုင်နှုန်းနှင့်တွက်လျှင်၂၀၅၀ပြည့်နှစ်တွင် လေကြောင်းခရီးသည်၇၂သန်းခန့်ရှိလာမည်ဖြစ်သည်ကိုတွက်ချက်ထားကြောင်းသိရသည်။အနာဂတ် တွင်ယခုလေဆိပ်များသည်လုံလောက်တော့မည်မဟုတ်သဖြင့်လေဆိပ်များလိုအပ်လာနိုင်ကြောင်း၊ယခု လေဆိပ်များ၏စွမ်းဆောင်ရည်များအားခရီးသည်၆သန်းတိုးမြှင့်ရန်လိုအပ်သောကြောင့်ရန်ကုန်မြို့နှင့်၆၅ကီလိုမီတာခန့်အကွာတွင်တည်ရှိသောဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်အား၂၀၂၂ခုနှစ်တွင်ဖွင့်လှစ်အသုံးပြုရန်ရည်ရွယ်ထားကြောင်းသိရသည်။
ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်အားပဲခူးမြို့အနီးမြေအကျယ်ဟက်တာ၃၆၀၀ပေါ်တွင်တည်ဆောက် သွားရန်ဆောင်ရွက်လျက်ရှိပြီးထိုစီမံကိန်းပြီးစီးလျှင်လေကြောင်းကုန်သွယ်မှုကဏ္ဍတွင်ယခုထက်များစွာ မြင့်တက်လာနိုင်ကြောင်းပို့ဆောင်ရေးဝန်ကြီးဌာနမှပြောကြားကြောင်းသိရသည်။
ယင်းလေဆိပ်ကြီးတည်ဆောက်ရာတွင်အမေရိကန်ဒေါ်လာတစ်ဘီလျှံခွဲကုန်ကျမည်ဖြစ်ပြီးပြည်ပကုမ္ပဏီများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြကြောင်း၊ပထမအဆင့်ပြီးစီးလျှင်တစ်နှစ်လျှင်ခရီးသည်၁၂သန်း၊ဒုတိယအဆင့် ပြီးစီးလျှင်ခရီးသည်သန်း၃၀ထိတိုးတက်လာနိုင်မည်ဖြစ်ကြောင်းသိရသည်။
ပြည်မြန်မာ