ပျံကျ ဈေးစင်တာ ( Hawker Center) စီမံကိန်း


27 October, 2020

ထိုစီမံကိန်းပထမအဆင့်အနေဖြင့် သိမ်ကြီးဈေးနှင့် မင်္ဂလာဈေးအနီးတွင် တည်ဆောက်ရန်စီစဉ်လျှက်ရှိကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း ဈေးများတွင် နေရာမလုံလောက်မှုကြောင့် လမ်းဘေးတွင် ရောင်းချနေသောဈေးသည်များ စနစ်တကျနေရာရရှိစေရန်နှင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရန် ပျံကျဈေးစင်တာစီမံကိန်းကို ဖော်ဆောင်ပေးမည် ဖြစ်ကြောင်းသိရသည်။

ပြည်သူများ၏ စားဝတ်နေရေးပြေလည်စေရန်နှင့် ဘဝရပ်တည်ရေးအတွက် စီးပွားရေးလုပ်ငန်းများ ပြုလုပ်နိုင်ရန် ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

တရားဝင်ရောင်ချနိုင်ရန် ပျံကျဈေးစင်တာများတည်ဆောက်ပေးခြင်းဖြင့် လမ်းမများပေါ်တွင် ဈေးသည်များ ဈေးရောင်းချနေမှုများကိုလည်း ဖယ်ရှားရှင်း လင်းနိုင်မည်ဖြစ်ကြောင်းသိရသည်။

အဓိကအားဖြင့် သိမ်ကြီးဈေးပတ်ဝန်းကျင်နှင့် မင်္ဂလာဈေးအနီးရှိနေရာများကို အဆင့်မြှင့်တင်၍ မကြာမီ ဆောင်ရွက်အကောင်အထည်ဖော်သွားမည်ဟုသိရသည်။

ထိုစင်တာမာျးတည်ဆောက်ပေးရန် မြန်မာနိုင်ငံ ဗိသုကာပညာရှင်အသင်းနှင့် ပူးပေါင်းပြီး ဒီဇိုင်းပြိုင်ပွဲကျင်းပရန်ရှိပြီး လက်ရှိတွင် လမ်းဘေးဈေးသည်များအား တရားဝင်ဈေးရောင်းချခွင့် ကတ်များ ထုတ်ပေးခြင်းကို ကနဦးအနေဖြင့် ဆောင်ရွက်ပေးထားကြောင်းသိရသည်။

ယင်းကဲ့သို့ထုတ်ပေးခြင်းမှာ မကြာမီတည်ဆောက်မည့် ပျံကျဈေးစင်တာများအတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ရန်ကုန်မြို့ရှိ လမ်းဘေးဈေးသည်များ၏ အရေအတွက်ကို စစ်တမ်းကောက်ယူထားပြီး လက်ရှိတွင် ညဈေးတန်းများဖော်ဆောင်ပေးခြင်းနှင့် ဈေးတချို့တွင် နေရာချပေးထားလျက်ရှိသည်ဟုသိရသည်။

ရန်ကုန်မြို့တွင် ဈေးပေါင်း ၁၇၆ ဈေးရှိသော်လည်း လမ်းဘေးတွင် ဈေးရောင်းချမှုများ၊ တရားမဝင်ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချနေမှုများကြောင့် ယခုကဲ့သို့စနစ်တကျဖြစ်လာစေရန် စီစဉ်ခြင်းဖြစ်ပါသည်။

ပျံကျဈေးစင်တာများ တည်ဆောက်ပေးရာတွင် တစ်ကြိမ်လျှင် ဈေး ၂၀ ခန့်အတွက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

ရန်ကုန်မြို့လမ်းဘေးဈေးသည်စာရင်း ကောက်ယူထားမှုများအရ ကျောက်တံတားမြို့နယ်တွင် လမ်းဘေး ဈေးသည်ဦးရေ ၁၃၀၀ ခန့်၊ ပန်းဘဲတန်းမြို့တွင် ဦးရေ ၂၀၀၀ ခန့်၊ လသာမြို့နယ်တွင် ဦးရေ ၁၄၀၀ ခန့်၊ လမ်းမတော်မြို့နယ်တွင် ဦးရေ ၈၀၀ ခန့်ရှိပြီး တစ်မြို့လုံးအတိုင်းအတာအနေဖြင့် လမ်းဘေးဈေးသည်ဦးရေ ၃၀၀၀၀ ကျော်အထိရှိကြောင်းသိရသည်။

Source:Myawaddy News

Infrastructure and Zones Read 44 times