လက်ရှိနေအိမ်အားရောင်းချပြီး အိမ်သစ်ဝယ်ယူရာတွင် သတိပြုရမည့် အချက်ခြောက်ချက်ရှိကြောင်း သိရသည်။
၁။လက်ရှိနေအိမ်ကိုအလျင်စလိုရောင်းခြင်း
အိမ်အသစ်အား ဝယ်ယူသည့်အခါ လိုအပ်သောငွေကြေးအတွက် လက်ရှိနေအိမ်အားရောင်းချ၍ဝယ်ယူတတ်ကြပါသည်။ထို့ကြောင့်နေအိမ်အသစ်ကို တက်သည့်အခါ အိမ်ငှားတင်ထားမှုများ၊နေထိုင်သူများ ရွှေ့ပြောင်းရန်အခက်အခဲကြုံရမှုများ ရှိနေတတ်ပါသည်။
၂။အိမ်ရောင်းရပိုလွယ်ကူစေရန်လက်ရှိနေအိမ်မှ ရွှေ့ပြောင်းနေထိုင်ခြင်း
အိမ်ရောင်းမည့်သူများ အိမ်ကိုစျေးကွက်တင်ပြီးသည့်အခါ အကျိုးဆောင်များ၊လက်ထဲအပ်ပြီးသည့်အခါစိတ်ဝင်စားးသူများမကြာမကြာလာကြည့်သောကြောင့် နေထိုင်ရမလွတ်မလပ်ဖြစ်မှုများ၊လူမနေသည့်အခါ ရောင်းရလွယ်ကူသောကြောင့် အခြားနေရာတွင်ပြောင်းရွှေ့နေထိုင်လေ့ရှိကြောင်းသိရသည်။ဒီအရာက အပိုစရိတ်များတက်စေနိုင်ကြောင်း သိရသည်။
၃။အိုစာမင်းစာအား အိမ်ဝယ်ယူရာတွင် တစ်လုံးတစ်ခဲအသုံးပြုခြင်း
တတ်နိုင်သည်ထက်စျေးပိုနေသော အိမ်တစ်လုံးအားဝယ်ယူပြီး လက်ရှိနေအိမ်ရောင်းထွက်ရန် ကြန့်ကြာနေလျှင် ငွေကြေးမလုံလောက်မှုများဖြစ်တတ်သောကြောင့် အိုစာမင်းစာအား အိမ်ဝယ်ယူရရာတွင် တစ်လုံးတစ်ခဲတည်းအသုံးမပြုသင့်ကြောင့်သိရသည်။
၄။ရောင်းချမည့်နေအိမ်စျေးမြင့်မားနေခြင်း
တိုက်ခန်း၊ကွန်ဒိုများ၊စျေးနှုန်းသက်သာနေသည့်ကြားတွင်မိမိရောင်းချမည့်နေအိမ်အားစျေးနှုန်းအမြင့်ကြီး မခေါ်ထားသင့်ကြောင်း။
၅။ရောင်းချသည့်အိမ်အားပြုပြင်သည့်အခါ စျေးပေါသော ပစ္စည်းများအား အသုံးမပြုသင့်
ရောင်းချမည့် အိမ်များကို ပြန်ပြင်ဆင်သည့်အခါ စျေးပေါသောပစ္စည်းများကို အသုံးပြုလေ့ရှိသည်။ထိုအချက်သည် မှားယွင်းသော အချက်ဖြစ်နေပြီး အိမ်ရောင်းသည့်အခါကြန့်ကြာစေနိုင်သည်။
၆။ရောင်းချမည့်အိမ်အား သေသပ်စွာပြင်ဆင်
အိမ်ကိုမွမ်းမံသည့်အခါ ပစ္စည်းကောင်းလေးများအား အသုံးပြုထားခြင်းသည် ဝယ်ယူသူအတွက်ရောရောင်းချသူအတွက်ရောအဆင်ပြေစေနိုင်သည်။ထို့ကြောင့် ရောင်းချမည့်အိမ်ကို သေသပ်စွာ ပြင်ဆင်ထားသင့်ကြောင်း သိရသည်။