နှစ်ဦးအမည်နှင့်ဝယ်ယူထားသော အိမ်၊တိုက်ခန်းများကို ဝယ်ယူမည်ဆိုလျှင် ဖြစ်လာနိုင်သည့်ပြဿနာတစ်ချို့နှင့် သတိထားဖွယ်ရာများကို ဗဟုသုတ အဖြစ်ဖော်ပြပေးလိုက်ပါသည်။
နှစ်ဦးအမည်နှင့် ဝယ်ယူထားသော အိမ်တစ်ခုကို ဝယ်ယူသည့်အခါတွင်တစ်ဦးစီ မှ ဝယ်ယူပေမဲ့ နောက်တစ်ဦးကန့်ကွက်ခြင်းမျိုးလည်း ဖြစ်ပေါ်လာတတ်သည်။
ထိုသို့ပြဿနာမျိုးမဖြစ်ရလေအောင် မဝယ်ယူခင်ကတည်းက ပိုင်ဆိုင်သူနှစ်ဦးလုံးထံမှ သဘောတူညီချက်အား သေချာ ရယူပြီးမှ စရံချသူဝယ်ယူသင့် သည်။
နှစ်ဦးထဲမှ တစ်ဦး သေဆုံးသွားသည့်အခါမျိုးတွင် တစ်ဦးထဲ၏သဘောတူညီချက်တည်းနှင့် အရောင်းအဝယ်ပြုလုပ်ရန် မရဘဲ သေဆုံးသူ၏ အမွေဆက်ခံသူ၏ သဘောတူညီချက်ကိုပါ
ရယူရန်လိုအပ်သည်။ထို သူနှစ်ဦးလုံးသဘောတူညီမှသာ အရောင်းအဝယ်ပြုလုပ်ရန် ရမည်ဖြစ်သည်။
တစ်ဦးတစ်ယောက်ထဲမှ အရောင်းအဝယ်ပြုလုပ်ပြီးမှ ကျန်တစ်ဦးသည် သဘောမတူညီလျှင် အရောင်းအဝယ်ပြတ်နိုင်ခြေရှိသည်။ပိုင်ဆိုင်သူ နှစ်ဦးထဲမှ တစ်ဦးသည်
ကျန်တစ်ယောက်မှ မသိအောင်ရောင်းခြင်းမျိုးလည်း ရှိလာနိုင်သည့်အတွက် သတိထားသင့်သည်။
စရံချပြီးမှ မစိုးရိမ်ပါနှင့်။တရားဥပဒေအရ ဝယ်သူဘက်မှ ထိခိုက်မှုရှိမည်မဟုတ်။စရံစာချုပ်ချုပ်ဆိုထားသော အတိုင်းသာ ဆက်လက်ဆောင်ရွက်ရုံသာ လိုအပ်သည်။
ထို့အတွက်ကြောင့် ဒီလိုပြဿနာမျိုးတွင် ဝယ်ယူပြီးချိန်မှ ဖြစ်စေ စရံချထားဆဲအချိန်မှာ ပင်ဖြစ်စေ ကန့်ကွက်သူရှိလာခဲ့ရင် စိုးရိမ်စရာမလိုပဲ
မိမိမှ ဥပဒေနှင့်လွတ်ကင်းပြီး ငွေကြေးဆုံးရှုံးမှုလည်း မရှိနိုင်ကြောင်း သိရသည်။