အိမ်ခြံမြေ ဝယ်မည်ဆိုလျှင် သတိထားသင့်သည့် အချက်များ


13 November, 2020

အိမ်ခြံမြေစျေးကွက်ဆိုသည်နှင့် ဘယ်နေရာမှာပဲအရောင်းအဝယ်လုပ်လုပ်သတိထားရမည့်အချက်များ ရှိနေတယ်ဆိုပေမဲ့ မြို့သစ်ဧရိယာအတွင်းတွင် ဝယ်ယူမည့်သူများအတွက်

ပိုသတိပြုအလုပ်လုပ်ရမည့် အချက်များ ရှိနေသည်ဟုအတွေ့အကြုံရှိသည့် အိမ်ခြံမြေအကျိုးဆောင်တချို့မှ ပြောကြားကြောင်း သိရသည်။

အိမ်ခြံမြေအရောင်းအဝယ်လုပ်ရာတွင် မြို့တွင်းဧရိယာတွင်ဖြစ်ဖြစ်၊မြို့သစ်ဧရိယာတွင်ဖြစ်ဖြစ် ရောင်းချမည့်သူသာမက ဝယ်မည့်သူများအတွက်ပါ သတိထားရမည့်အချက်များရှိနေကြောင်း သိရသည်။

အထူးသဖြင့် မြို့သစ်ဧရိယာထဲတွင် လူနေထိုင်မှုအခြေကျပြီးဖြစ်သည့် မြို့သစ်ဧရိယာ၏အရှေ့ပိုင်းပိုကျသည့် အိမ်မြေဧရိယာများသည် ဝယ်ယူသူများအတွက် ပိုဂရုစိုက်ရမည့်အနေအထားတွင်ရှိနေကြောင်း သိရသည်။

အိမ်ခြံမြေစျေးနှုန်းသည် တစ်နှစ်ထက်တစ်နှစ်မြင့်မားလာမှုကြောင့် လူလတ်တန်းစားများ၏အိမ်မြေပိုင်ဆိုင် နိုင်သည့် အခွင့်အလမ်းသည်ပိုမိုခက်ခဲလာကြောင်း သိရသည်။

ထို့ပြင် အိမ်ငှားစျေးနှုန်းများမြင့်မားလာပြီးအချိန်စေ့လျှင် အိမ်ပြောင်းရသည့်ဒုက္ခ၊အိမ်ရှာရသည့်ဒုက္ခမှာ ကြီးမားလှသောကြောင့် တချို့သည်ကျောတစ်ခင်းစာရရင်နေနိုင်သည့်သဘောနှင့် နေကြရသည်။

ထို့ကြောင့်လည်း ကိုယ်တတ်နိုင်သည့်ငွေပမာဏနှင့်မြေပိုင်ဆိုင်နိုင်ရန်ကြိုးစားလာကြသည်ကို တွေ့ရသည်။မြေပိုင်ရန်အဓိက

ဆိုသည့်စိတ်နှင့်ဆုံးဖြတ်အလုပ်လုပ်လိုက်ပေမဲ့ နောက်ပိုင်းတွင်ကြံုတွေ့လာရမည့် အခက်အခဲများရှိနိုင်သည်။

မြို့တွင်းအိမ်ခြံမြေစျေးနှုန်းများသည် ကျပ်သိန်းသောင်းချီနေသောကြောင့် သာမန်လူလတ်တန်းစားများ မစဉ်းစားနိုင်သည့် စျေးကွက်ဖြစ်နေသည်။

မြို့သစ်ဧရိယာထဲတွင်လည်း လူနေသိပ်သည်းပြီး စျေး၊ကျောင်း၊ဆေးရုံ စသောအခြေခံလူနေမှုအဆောက်အအုံများနှင့်နီးစပ်သည်နေရာများသည်

ပေ၄ဝ×၆ဝ အကျယ်မြေတစ်ကွက်လျှင် ပျမ်းမျှအောက်ထစ်ကျပ်သိန်း၃,၅ဝဝအထက်ပေါက်စျေးရှိနေသောကြောင့်သာမန် လူလတ်တန်းစားများလက်လှမ်းရန်ခက်လာသည့် စျေးနှုန်းများ ဖြစ်နေသည်။

မြို့သစ်ဧရိယာထဲတွင်ပုံမှန်မြေကွက်များကို အပိုင်းပိုင်းလုပ်ပြီးရောင်းချသည့် မြေကွက်များလည်းရှိသည်။၁၅ပေ၊ပေ၄ဝ၊ပေ၂ဝ၊ပေ၃ဝ အကျယ်ရှိသည့် မြေကွက်များကို ကျပ်သိန်း ၂ဝဝ၊၂၅ဝ စသဖြင့် စျေးခေါ်ရောင်းနေမှုများရှိသည်။

ထိုနေရာတွင် သတိပြုရမည့် အချက်မှာစာရွက်စာတမ်းပင်ဖြစ်သည်။မြေကွက်ကို အပိုင်းပိုင်းစိတ်ပြီးရောင်းချထားသောကြောင့်

မြေစလစ်မူရင်းကို ရနိုင်ရန် ရာနှုန်းပြည့်နီးပါးမဖြစ်နိုင်ကြောင်း၊ထို့ကြောင့်မှန်ကန်သော ပိုင်ဆိုင်မှုဖြစ်စေရန်တတ်ကျွမး်သူများ၏အကူအညီနှင့် သေချာစိစစ်နိုင်ရန်လိုအပ်နေကြောင်းသိရသည်။

ယခုနောက်ပိုင်းတွင် စည်ပင်သာယာမှ ပေကျဉ်းမြေကွက်များကိုဂရန်လျှောက်ရန်ခွင့်ပြုထားသည်ဆိုသော်လည်း စစ်မှန်သော ပိုင်ဆိုင်မှုဖြစ်ရန်အတွက် စိစစ်ရန်လိုအပ်ပါသည်။

နောက်တစ်ချက်မှာ ကျူးပြဿနာဖြစ်သည်။ကိုယ်ဝယ်မည့်မြေဧရိယာအနီးအနားတွင် တရားမဝင်နေထိုင်မှုများရှိနေခြင်းပါ

သို့မဟုတ် ကိုယ်ဝယ်လိုက်သော မြေကွက်များမှာ ကိုယ်မနေခင်ကာလအတွင်းတခြားသူများမှ ဝင်ရောက်ကျူးကျော်နေထိုင်မှုမျိုးကို အရှေ့ဖျားကျသည့်

မြို့သစ် ဧရိယာများအတွင်းတွင် အခန့်မသင့်လျှင်ကြံုရနိုင်သည်ဟု အကျိုးဆောာင်တချို့မှ ပြောကြားကြောင်း သိရသည်။

imyanmar House

Tips Read 76 times