High price in condominium so rise dollar price


27 October, 2020

ကွန်ဒိုတိုက်ခန်းသစ်များ ဈေးကွက် အေးနေသော်လည်း luxury အခန်းများမှအပ ကျန်တိုက်ခန်းများသည် လွန်ခဲ့သောလေးလပတ် ထက်စာလျှင် ဈေးနှုန်းများမြှင့် တက်လာကြောင်းသိရသည်။

နိုင်ငံခြားငွေလဲလှယ်မှုနှုန်းမြင့်တက်လာမှုကြောင့်  မြန်မာကျပ်ငွေအစား ဒေါ်လာဖြင့် ရောင်းချလာသောကြောင့် တိုက်ခန်းဈေးနှုန်းများ မြင့်တက်လာသည်ဟု သိရသည်။

၂၀၁၆ ခုနှစ် တတိယလေးလပတ်အတွင်း အသေးစားကွန်ဒိုတိုက်ခန်းစီမံကိန်းသုံးခု မှ အခန်းပေါင်း ၁၁၃ ခန်းအပါအဝင် အခန်းပေါင်း ၁၄၈၉ ခန်းထပ်မံထွက်ရှိနိုင်မည် ဟု ခန့်မှန်းထားကြောင်းသိရသည်။

ယခုနှစ်အတွင်း ရောင်းချရန် ကွန်ဒိုတိုက်ခန်း စုစုပေါင်း ၆၁၈၂ ခန်း ဈေးကွက်အတွင်းရှိနိုင်သည်ဟု မျှော်မှန်းထားသည် ဟုသိရသည်။

ထိုရောင်းချရန်မျှော်မှန်းထားသောစီမံကိန်းများထဲတွင် အဆောက်အအုံလေးလုံးပါဝင်သော Golden City phase 1 နှင့် GEMS Garden condominium တို့မှ ကွန်ဒိုတိုက်ခန်းအချို့လဲ ပါဝင်မည် ဟုသိရသည်။

လာမည့်် လေးနှစ်မှ ငါးနှစ်အတွင်း ကွန်ဒိုစီမံကိန်း ၅၅ ခုမှ အခန်းပေါင်း ၁၁၀၀၀ ခန့် ထွက်ရှိမည်ဟု ခန့်မှန်းထားကြောင်းသိရသည်။

၂၀၁၆ ခုနှစ်အတွင်း  နိုင်ငံခြားငွေလဲနှုန်းမြင့်တက်ပြီး မြန်မာကျပ်ငွေတန်ဖိုးကျဆင်းမှုကြောင့် အလယ်အလတ်တန်းနှင့် အရည်အသွေးမြင့် ကွန်ဒိုအချို့သည် ဈေးနှုန်းနှင့် ငွေပေးချေမှုတွင် ကျပ်ငွေအစားဒေါ်လာဖြင့် လက်ခံလာကြသည် ဟုသိရသည်။

ဈေးကွက်အေးလာခြင်းကြောင့် luxury အဆင့်ကွန်ဒိုတိုက်ခန်းဈေးနှုန်းများ ၁၅ ရာခိုင်နှုန်းဝန်းကျင်ကျဆင်းလာသောလည်း အခြားကွန်ဒိုတိုက်ခန်းဈေးနှုန်းများမှာ လွန်ခဲ့သောလေးလပတ်နှင့် နှိုင်းယှဉ်ပါက ဒေါ်လာ ၁၃၀ မှ ၄၀၀ ကြားမြင့်တက်လာကြောင်းတွေ့ရသည်။

၂၀၁၆ ခုနှစ် တတိယလေးလပတ်ကာလတွင်း တစ်စတုရန်းမီတာလျှင် ပျမ်းမျှ pricing မှာ အလယ်အလတ်တန်းမှာ ၁၇၄၄ ဒေါ်လာ၊ အဆင့်မြင့်အတန်းမှာ ၂၄၇၂ ဒေါ်လာ၊ အရည်အသွေးမြင့်အတန်းမှာ ၃၁၃၆ ဒေါ်လာ၊ ဇိမ်ခံအဆင့်အတန်းမှာ ၄၀၅၁ ဒေါ်လာရှိနေကြောင်းသိရသည်။

မြန်မာနိုင်ငံရှိ နိုင်ငံတကာအဆင့်မီ ကွန်ဒိုတိုက်ခန်းများအနက် အလယ်အလတ်အဆင့် ၁၃ ရာခိုင်နှုန်း၊ အဆင့်မြင့်အဆင့် ၂၅ ရာခိုင်နှုန်း ၊ အရည်အသွေးမြင့်အဆင့် ၄၉ ရာခိုင်နှုန်း၊ ဇိမ်ခံအဆင့် ၁၃ ရာခိုင်နှုန်းခန့်ရှိနေသည် ဟုခန့်မှန်းထားသည်ဟု သိရသည်။

Daily Eleven

Residential Read 44 times