ရန်ကုန်မြို့အတွင်း အထပ်မြင့် တည်ဆောက်မှုများ စိစစ်ကြပ်မတ်တော့မည်


17 November, 2020

မြို့တွင်း၆မြို့နယ်အား အထပ်မြင့်အဆောက်အအုံတည်ဆောက်ခြင်းနှင့် ပတ်သက်၍ စိစစ်ကြပ်မတ်မှုများ ယခုနှစ်တွင် စတင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) မှ သတင်းရရှိကြောင်း သိရသည်။

အထူးသဖြင့် များပြားလာသော လူနေတိုက်ခန်းအထပ်မြင့်အိမ်ရာများတည်ဆောက်ရာတွင် ပိုမိုစည်းစနစ်ကျစေရန်နောက်ပိုင်းဆောက်လုပ်မည့် တိုက်များအား မူဝါဒ များပြောင်းလဲပြီး လုပ်ဆောင်ရန်သင့်မသင့် ပညာရှင်များနှင့် ညှိနှိုင်းလုပ်ဆောင်သွားရန် စီစဉ်နေကြောင်း သိရသည်။

၂ဝ၁၈ခုနှစ်အတွင်း လုပ်ဆောင်နိုင်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်များ ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးမှ ပြောကြားကြောင်း သိရသည်။

မြို့နယ်အလိုက် ဆောက်လုပ်ရမည့် အထပ်မြင့်ပုံစံမြေအကျယ်ထားရှိရမည့်အနေအထားနှင့် လူဦးရေသိပ်သည်းမှုများသည့် မြို့နယ်များတွင် မည်ကဲ့သို့ တည်ဆောက်သင့်သည်ကို လွှတ်တော်ကိုယ်စားလှယ်များမှ အကြုံပြုဆွေးနွေးထားကြောင်း ဆက်လက်ပြောကြားခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် အထပ်မြင့် ဆောက်လုပ်ရန် သင့်မသင့် ဇုန်အလိုက် မြေနေရာခွဲခြား သတ်မှတ်မှုကို ပညာရှင်များမှ ပြီးခဲ့သည့် နှစ်များထဲတွင် ရေးဆွဲထားပြီး အတည်ပြုပြဌာန်းရန် သာ ကျန်ရှိတော့ခြင်းဖြစ်ကြောင်း သိရသည်။

စည်ပင်သာယာနယ်နိမိတ် ၃၃မြို့နယ်အတွင်းရှိ မြို့တွင်း ၆မြို့နယ်နှင့် စမ်းချောင်း၊ဗဟန်း၊ကမာရွတ်၊ဒဂုံ၊မင်္ဂလာတောင်ညွှန့်၊ရန်ကင်း၊တာမွေ၊ကြည့်မြင်တိုင်၊အလုံနှင့် မရမ်းကုန်းမြို့နယ်တို့တွင် ယခုနှစ်အတွင်း အထပ်မြင့်တည်ဆောက်မှုများကို စတင်ထိန်းချုပ်မည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်မှ Down Town တွင် သတ်မှတ်ရန် Review ပြန်လုပ်မည်ဖြစ်ပြီး မြို့တွင်းတွင် ပန်းဘဲတန်းနှင့် ကျောက်တံတားမြို့နယ်တို့တွင်

အထပ်မြင့် ၆ထပ်အထိသာလက်ခံသေးကြောင်း၊ယခုလောလောဆယ်တွင် ၈ထပ်ပြန်ဆောက်မည်ဆိုလျှင် အိမ်များအား ဖျက်ပြီး ပြန်ဆောက်လျှင် ဘယ်လိုပုံစံနှင့် ပြန်ပေးမည်လဲ ဆွေးနွေးရန် ကျန် သေးကြောင်း သိရသည်။

အကယ်၍ အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ရာတွင် သတ်မှတ်ချက်များအား လုပ်ဆောင်လျှင် ရန်ကုန်မြို့တွင်း ၆မြို့နယ် အား အဓိက လုပ်ဆောင်သွားမည်ဖြစ်ပြီး

၂ဝ၁၈ခုနှစ်အတွင်း လုပ်ဆောင်နိုင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်များ အမြန်ဆုံးဆွေးနွေး ညှိနှိုင်းနေကြောင်း သိရသည်။

မြို့နယ်အလိုက် မည်သည့်မြို့နယ်တွင်အဆောက်အအုံ ဘယ်နှထပ် မှာ အမြင့်ဆုံးဆောက်လုပ်ရမည်နှင့် အဆောက်အအုံများဆောက်လုပ်လျှင် မြေ၏ ဘေးပတ်လည် အကျယ်မည်မျှ ချန်ရမည် စသည့်သတ်မှတ်ချက်များအား ညှိနှိုင်းဆွေးနွေးနေခြင်းဖြစ်သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှှူးမှ စနစ်တကျမြန်ဆန်စွာနှင့် ပွင့်လင်းမြင်သာမှု ရှိစေရန် သတ်မှတ်ချက်အား တိတိကျကျ ပြဌာန်းရန် လိုအပ်သည်။

အားလုံးသဘောတူထားသည့်ဇုန်များ၊အဆောက်အအုံနှင့်ပတ်သက်သော အချိုးများ မြေအသုံးချမှုများမှာ တညီတညွှတ်တည်းဖြစ်ရန်လိုကြောင်း သိရသည်။

စည်ပင်သာယာနယ်နိမိတ် ၃၃မြို့နယ်အတွင်းရှိ မြို့တွင်း ၆မြို့နယ်နှင့် စမ်းချောင်း၊ဗဟန်း၊ကမာရွတ်၊ဒဂုံ၊မင်္ဂလာတောင်ညွှန့်၊ရန်ကင်း၊တာမွေ၊ကြည့်မြင်တိုင်၊အလုံနှင့် မရမ်းကုန်းစသည့် မြို့နယ် ၁၅ခုတွင်

စနစ်တကျစာရင်းကောက်စိစစ်ထားသော လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးညှိနှိုင်းခြင်းဖြစ်သည်ဟု သိရသည်။

ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့(JICA)ဦးဆောင်သူတစ်ဦး မှ လည်းရန်ကုန်မြို့သည်လက်ရှိအချိန်တွင် လျင်မြန်စွာ စီမံကိန်းများတွင်

တိုးတက်ဆောက်လုပ်လျက်ရှိသောကြောင့် အဆောက်အအုံကွန်ဒို၊တိုက်ခန်းများကို တည်ဆောက်ရာတွင် အထပ်မြင့်သတ်မှတ်ချက်များကို ကန့်သတ်ပေးရန်လိုအပ်နေကြောင်း သိရသည်။

Local Residential Read 59 times