ရန်ကုန်မြို့ရှိ အမြင့်ဆုံးအဆောက်အဦများ


19 November, 2020

ယနေ့ခေတ် ရန်ကုန်မြို့တွင် ခေတ်မီ အဆောက်အဦများစွာဖြင့် ခန့်ညားထည်ဝါစွာ ရှိနေသည့်အထဲမှ အမြင့်ဆုံး အဆောက်အဦများအား ဖော်ပြ ထားခြင်းဖြစ်သည်။

1. Diamond Inya Palace Condo

အင်လျားကန်၏ အရှေ့မြောက်ဘက် ဦးထွန်းငြိမ်း လမ်း၊မရမ်းကုန်းမြို့နယ်တွင် တည်ရှိသော အထပ်မြင့် အဆောက်အဦး စီမံကိန်းများ၏ အရည်အသွေးထိန်းချုပ်ရေး (CQHP) ရရှိပြီးသော

အဆောက်အဦးသည် Mandalay Golden Wing မှ တည်ဆောက်နေခြင်းဖြစ်သည်။

ယင်းအဆောက်အဦးသည် Diamond Inya Palace Condo ဖြစ်ပြီး အထပ်ပေါင်း ၃၄ထပ် မြင့်သော ကွန်ဒိုသည် Developer များ၏ပြောကြားချက်အရ သိရသည်။

အဆောက်အဦစီမံကိန်းများ၏ ထုတ်ပြန်ချက်အရ လက်ရှိတွင် Diamond Inya Palace သည် အမြင့်ဆုံး အဖြစ် ဆိုကြသည်။

ယင်းကွန်ဒို ကို စင်ကာပူနိုင်ငံမှ JGP မှဒီဇိုင်းရေးဆွဲထားပြီး ထိုင်းနိုင်ငံမှ Project man မှစီမံကိန်းဖြစ်မြောက်ရေးကိုစီမံခန့်ခွဲသည်။

မြေအောက်ထပ်ကို သီးသန့်မထားဘဲ ကားပါကင်ကို ပထမထပ်မှ ၅ လွှာအထိ ထားရှိမည်ဖြစ်ကြောင်း သိရသည်။ ယာဉ် ၅၁၄ စီးဆန့်သည့် ကားပါကင်တွင် ဧည့်သည်ယာဉ်အစီးရေ ၅၀ ရပ်နားရန်အတွက်ပါ ပါဝင်သည်။

ထိုိကွန်ဒိုတွင် Facilities အနေဖြင့် ရေကူးကန်၊ အားကစားခန်းမ၊ function room အမျိုးပေါင်း ၆ဝကျော်လောက်ပါဝင်သည်။ အဆောက်အဦး ၆ ထပ် အပြင်ဘက်တွင် ရေကူးကန်ပါဝင်ပြီး ၂၂ ထပ် အတွင်းတွင်လည်း ရေကူးကန်ပါဝင်သည်။

ယင်း အဆောက်အဦးတွင် ဓာတ်လှေကား ၁၃ စီး၊ မီတာ ၃ ခု၊ ရေဂါလံ ၂ သိန်းဆန့်ကန်နှင့် ငလျင်ဒဏ်၏ ၈.၅ ခံနိုင်အားတို့ကိုလည်း တပ်ဆင်ပေးထားကြောင်း သိရသည်။

2. Golden City

ဒုတိယ အဖြစ် Golden Cityဖြစ်ပြီး အထပ်ပေါင်း ၃၃ထပ်မြင့်သည်။ယင်းစီမံကိန်းအတွက် Golden Land Real Estate Development မှတာဝန်ယူတည်ဆောက်ထားပြီး

ဒေါ်လာသန်း ၂၃ဝ ရင်းနှီးမြှုပ်နှံသွားထားသည်။ အဆိုပါ Golden Land သည် စင်္ကာပူ-မြန်မာဖက်စပ်ကုမ္ပဏီဖြစ်ပြီး စင်္ကာပူမှ Uni Global Power နှင့် မြန်မာမှ Nature Link Travels and Tours တို့ ပေါင်းထားသည့် ကုမ္ပဏီဖြစ် သည်။

CQHP အရ လက်ရှိ အထပ်အမြင့်ဆုံး အဆောက်အဦးများတွင် Centre Point Tower သည် ၂၅ထပ်၊ Sule Shangri La သည် ၂၂ထပ်နှင့် Sakura Tower သည် အထပ် ၂ဝ ရှိသည်။

3.Centre Point Tower

ယင်း တာဝါသည် ဆူးလေဘုရားလမ်းနှင့် မာချက်(တ်) လမ်းကြားတွင် တည်ရှိသည်။ရန်ကုန်မြို့လယ်တွင် တည်ရှိသော ယင်း တာဝါသည် ဟိုတယ်၊ရုံးခန်းများ နှင့် Shoppin Mall များပါရှိသည်။

၁၆၅ဝဝ စတုရန်းမီတာမှာ Office Tower အကျယ်အဝန်းဖြစ်ပြီး ၂၅ဝဝ စတုရန်းမီတာမှာ Shopping Mall အကျယ်အဝန်းဖြစ်သည်။

4.Sule Shangri La

ယင်း ဟိုတယ်သည် ဆူးလေဘုရားလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်တွင် တည်ရှိသော အဆောက်အဦဖြစ်ပြီး ၂၂ထပ်အမြင့် ရှိသည်။ယင်းကို ၁၉၉၆ ခုနှစ် နိုဝင်ဘာ ၁၄ တွင် ဖွင့်လှစ်ခဲ့သည်။

 

Client Leo Property Management Pte Ltd
Main Contractor Syntech-Who Hup Pte Ltd
Principal Consultant RSP Architects Planners & Engineers (Pte)Ltd
Structural Consultant Buro Engineering Pte Ltd
M&E Consultant Parsons Brinckerhoff Consultants
Quantity Surveyor Northcroft Lim Consultants Pte Ltd
Construction Cost S $ 53 Million
Construction Period 18mths

 


5.Sakura Tower

ယင်း တာဝါသည် Sule Shangri La မျက်စောင်းထိုး တွင် တည်ရှိသည်။၁၉၉၉ခုနှစ်တွင် ဂျပန် လူမျိုး Architect Nihon Sekkei နှင့် Konoike Construction တို့မှ ပူးပေါင်းတည်ဆောက်ခဲ့သည်။

အထပ်ပေါင်း ၂ဝမြင့်သော ယင်းတာဝါသည် ၁၂,၂၄၅ စတုရန်းမီတာ ကျယ်ဝန်းသည်။

ယခင်ကရန်ကုန်မြို့တွင်အသစ်တည်ဆောက်မည့်အဆောက်အအုံများနှင့် ဆောက်လုပ်ဆဲလုပ်ငန်းများကို အသစ်ဖြင့်သာ ခွင့်ပြုမည်ဟု သိရှိခဲ့ရသည်။

ထို့နောက်တွင်ယခုခွင့်ပြုပေးသည့်စီမံကိန်းများကိုလက်ရှိကျင့်သုံးနေသည့်မူအတိုင်းစစ်ဆေးပြီး ဆက်လက်ဆောင်ရွက်ခွင့်ပြုမည်ဟု သိရသည်။

ရန်ကုန်တွင်အသစ်ထပ်မံတည်ဆောက်မည့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များသည် ဌာနတွင် အမှုတွဲအသစ်(ဆောက်လုပ်ခွင့်လျှောက်ထားခြင်း) တင်ပြခြင်းကို

၂ဝ၁၆ ခုနှစ်နိုဝင်ဘာ ဒုတိယအပတ်တွင် ပြန်လည်ခွင့်ပြုနေပြီဖြစ်ကြောင်းသိရသည်။

Local Read 174 times