ရန်ကုန်မြို့တွင်းခြောက်မြို့နယ်တွင် အထပ်မြင့်အဆောက်အအုံသစ် တည်ဆောက်ခွင့်ကို ပိုမိုတင်းကျပ်ပြီး ခွင့်ပြုသွားရန် ပြင်ဆင်နေကြောင်း ပို့ဆောင်ရေး၊ဆက်သွယ်ရေး၊ဆောက်လုပ်ရေးနှင့် စက်မှုလက်မှု ရေးရာကော်မတီရန်ကုန်တိုင်းဒေသကြီးကျောက်တံတားမဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်မှ ပြောကြားကြောင်းသိရသည်။
အဆောက်အဦစီမံကိန်းများတွင်အရည်အသွေးပြည့်မီသော အထပ်မြင့်အဆောက်အဦများဖြစ်စေရန်အတွက် စည်းကမ်းချက်များ ပိုမိုတင်းကျပ်သွားမည်ဖြစ်ကြောင်းသိရသည်။
အထပ်မြင့်သော အဆောက်အဦများတွင်တချို့မှာ ၁ဝထပ်၊၁၂ထပ် ဆောကရန်ဆွေးနွေးနေကြောင်းသိရသည်။
သို့သော်ဝန်ကြီး၏လမ်းညွှန်မှုသည်တည်နေရာ မြေအနေအထားကိုကြည့်ပြီးဆောက်လုပ်ခွင့်များကို ခွင့်ပြုပေးရန် ပြောထားကြောင်းသိရသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရန်ကုန်တိုင်းဒေသလွှတ်တော်ကိုယ်စားလှယ်များ ဆောက်လုပ်ရေးဝန်ကြီးများနှင့် အစည်းအဝေး နှစ်ကြိမ်ပြုလုပ်ပြီးနောက်ရန်ကုန်မြို့တွင်း ၆မြို့နယ်တွင်
အဆောက်အဦအသစ်တည်ဆောက်ခွင့်ကို စည်းကမ်းပိုမို တင်းကျပ်သွားရန် ဆုံးဖြတ်ခဲ့သည်။
အထပ်မြင့်အဆောက်အဦ ဆောက်လုပ်ရာတွင် အဆောက်အဦ၏ အမြင့်ပေသတ်မှတ်ချက်၊ထည့်သွင်းအသုံးပြုမည့် ပစ္စည်းအရည်အသွေး၊ရေစနစ်၊မိလ္လာစနစ်များကို ပိုမိုတင်းကျပ်စွာ စိစစ်သတ်မှတ်ရန် ဆွေးနွေးလျက်ရှိကြောင်းသိရသည်။
မြေပြင်လုပ်ငန်းဆောင်ရွက်နေသော အထပ်မြင့်စီမံကိန်း ၅၅လုံး၊မြေပြင်လုပ်ငန်း မစတင်ရသေးသော အထပ်မြင့် စီမံကိန်း ၁၃ဝ ကျော်အား အစိုးရလက်ထက်တွင် ဆောက်လုပ်ခွင့် ဆိုင်းငံ့ခဲ့ကြောင်း သိရပြီး
သတ်မှတ်စံချိန်စံညွှန်း မကိုက်ညီ သော အဆောက်အဦ ၁၂ လုံးကို ဆောက်လုပ်ခွင့်ရပ်ဆိုင်းခဲ့ကြောင်းသိရသည်။
#Myanmar Builders Guide