အမြန်လမ်းမကြီး ၁၂ တိုးချဲ့ပြီးစီး
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ထိုင်းနှင့် မြန်မာ၊ လာအိုတို့ကို ဆက်သွယ်ပေးသည့် အဝေးပြေးလမ်းမကြီး ၁၂ Highway 12 တိုးချဲ့မှု၏ နောက်ဆုံးအဆင့် တာ့ခ်ခရိုင်နှင့် မုဒါဟန်တို့တွင် အသီးသီး ပြီးစီးနေပြီဖြစ်သည်။
အဝေးပြေးလမ်း 12 သည် အရှေ့-အနောက် စီးပွားရေးစင်္ကြံ East-West Economic Corridor (EWEC) ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။
အရှေ့ တောင်အာရှနိုင်ငံ လေးခုကို ဆက်သွယ်ပေးသည့် လမ်းကြောင်းဖြစ်ပြီး အနောက်ဘက်ခြမ်း မြန်မာနိုင်ငံမှ အရှေ့ဘက်ခြမ်းဗီယက်နမ်သို့ ဆက်သွယ်ပေးသည့် လမ်းကြောင်းဖြစ်သည်။
ကပ္ပလီပင်လယ် ကမ်းရိုးတန်းကို တောင်တရုတ်ပင်လယ်နှင့် ထိထိရောက်ရောက် ချိတ်ဆက်ပေးသည့် လမ်းမကြီး ဖြစ်သည်။ အလျား ၁၅၃၀ ကီလိုမီတာ ရှိပြီး မြန်မာနိုင်ငံ ပင်လယ်ကမ်းခြေရှိ မော်လမြိုင်မြီု့နှင့် ဗီယက်နမ်နိုင်ငံ ပင်လယ်ကမ်းခြေရှိ ဒါနန်းမြို့တို့ကို ဆက်သွယ်ထားသည်။
ထိုင်းနိုင်ငံ လမ်းပိုင်းမှာ ၇၉၃ ကီလိုမီတာ ရှိသည်။ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၂) မှ ထိုင်း-လာအို ချစ်ကြည်ရေးတံတားအထိ ဖြစ်သည်။
၎င်းလမ်းပိုင်းမှ Kalasin နှင့် Mukdahan အကြား ၁၁၅.၆ ကီလိုမီတာကို ၄ လမ်းသွား လမ်းမကြီး အဖြစ်သို့ တိုးချဲ့ခဲ့သည်။ ကုန်ကျစရိတ်မှာ ဘတ် ၅.၈ ဘီလီယံ ဖြစ်ပါသည်။
Source Bangkokpost
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U