ချင်းရွှေဟော်မှ လားရှိုးအထိ အမြန်လမ်းနှင့် ရထားလမ်းဆောက်လုပ်ရေးဆွေးနွေး


03 December, 2020

တရုတ်-မြန်မာစီးပွားရေးစင်္ကြ ံ စီမံကိန်းတွင်ချင်းရွှေဟော်မှ လားရှိုးအထိ အမြန်လမ်းနှင့် ရထားလမ်းဆောက်လုပ်ရေးအစီအစဉ် များ အကောင်အထည်ဖော်နိုင်ရေး အပါအဝင် လင်ချမ်းဒေသနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းကဏ္ဍများကို လင်ချမ်းအုပ်ချုပ်ရေးဒေသအတွင်းရေးမှူးနျှင့်အဖွဲ့မှ ကုန်သည်စက်မှုအသင်းချုပ်သို့ လာရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ်-မြန်မာစီးပွားရေးစင်္ကြ ံပူးပေါင်းဆောင်ရွက်မှုစီမံကိန်းတွင် လင်ချမ်းဒေသနှင့် ပူပေါင်း ဆောင်ရွက်နိုင်သည့် လုပ်ငန်းကဏ္ဍများ နှင့် ဆက်စပ်ဆွေးနွေးခဲ့သည်။

အထူးသဖြင့် အခြေခံအဆောက်အအုံကဏ္ဍတွင် ကွန်းလုံတံတား ဆောက်လုပ်ရေး၊ချင်းရွှေဟော်မှ လားရှိုးအထိအမြန်လမ်းနှင့် ရထားလမ်းဆောက်လုပ်ရေးအစီအစဉ်များအကောင်အထည်ဖော်နိုင်ရေး၊ ကုန်သွယ်မှု၊ခရီးသွားနှင့် စိုက်ပျိုးရေး ကဏ္ဍတွင် တရုတ်လင်ချမ်းနယ်စပ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်နှင့် မြန်မာချင်းရွှေဟော်အထူးစီးပွားရေးဇုန်တို့အား OBOR စီမံကိန်းတွင် ထည့်သွင်းနိုင်ရန်ဆွေးနွေးခဲ့သည်။

ထို့ပြင် လင်ချမ်း-လာရှိုးနယ်စပ်ဒေသခရီးသွားလုပ်ငန်းများ၊စိုက်ပျိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေး တို့အား ဆွေးနွေးခဲ့ကြောင်းသိရသည်။
တရုတ်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု စင်္ကြ ံအတွက် မြန်မာ-တရုတ်နှစ်နိုင်ငံအကြားလုပ်ငန်းကော်မတီများ နှစ်ဖက်အပြန်အလှန်ဖွဲ့စည်းဆောင်ရွက်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ အစပြု၍မန္တလေးမြို့သို့ ချဲ့ထွင်ကာ ရန်ကုန်နှင့် ရခိုင်ရှိ အထူးစီးပွားရေးဇုန်များနှင့် ချိတ်ဆက်မည့် တရုတ်-မြန်မာစီးပွားရေးစင်္ကြ ံ ထူထောင်ရေး အတွက် လာမည့် နိုဝင်ဘာတွင် MoU နားလည်မှု စာချွန်လွှာ ရေးထိုးနိုင်ရန် တရုတ်အစိုးရ ကြိုတင်စီစဉ်နေကြောင်း သိရသည်။
 

Infrastructure and Zones Read 80 times