လှည်းကူး စက်မှု ဥယျာဉ်မြို့တော် စီမံကိန်း


01 August, 2019

လှည်းကူးစက်မှုဥယျာဉ်မြို့တော် စီမံကိန်းအတွက် လယ်သမားများနှင့် သဘောတူညီမှုရရှိထားပြီး ၂၀၂၀ ပြည့်နှစ်တွင် စတင်အကောင်အထည်ဖော်ရန် မျှော်မှန်းထားကြောင်း ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောသည်။

 “ဒီစီမံကိန်းကို ကုမ္ပဏီသုံးခုပူးပေါင်းပြီးတော့ လုပ်မှာဖြစ်ပါတယ်။ စင်ကာပူက Sembcorp ရယ် မြန်မာနိုင်ငံဘက်က ကုမ္ပဏီနှစ်ခုနဲ့ လုပ်ဆောင်မှာဖြစ်ပါတယ်။ စီမံကိန်းကို ၂၀၂၀ မှာ စတင်ဖို့ မျှော်မှန်းထားတယ်။ စီမံကိန်းကို လွှတ်တော်မှာ အတည်ပြုလိုက်တယ်ဆိုရင်တော့ မြန် ဆန်သွားမယ်။ အဓိကတော့ မြေရာနဲ့ပတ်သက်လို့ လယ်သမားတွေနဲ့ အကုန်သဘောတူညီချက် ရထားပြီးလို့ ပြောပါတယ်။ လယ်ယာမြေကို ၈၀ အချိုး ၂၀ နဲ့ ပြန်ပေးမှာဖြစ်ပါတယ်။ လယ် ၁၀ ဧက ရှိတဲ့လူက နှစ်ဧက ပြန်ရမယ်။ ရှစ်ဧကကို နိုင်ငံတော်က သုံးမယ်။ အဲဒီလို သဘော တူထားကြတယ်။ လယ်သမားတွေ အားလုံးက သဘောတူထားကြတယ်” ဟု ယင်းကပြောသည်။

 စီမံကိန်းသည် စိုက်ပျိုးရေးကို အ ခြေခံသည့် စက်မှုဥယျာဉ်မြို့တော်ဖြစ်ပြီး စီမံကိန်းကို အဆင့်သုံးဆင့်ခွဲကာ ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 ဆက်လက်၍ ယင်းက “အဲဒီအထဲ မှာ စိုက်ပျိုးရေးတွေ ဘာတွေ လုပ်လို့ကောင်းတဲ့ မြေတွေလည်းရှိတယ်။ အခု လည်း စိုက်ပျိုးရေး ကုမ္ပဏီတွေက ဝင် လာတယ်ဆိုတော့ အဲဒီကနေ စိုက်ပျိုးတဲ့ သီးနှံတွေကို ထပ်ပြီးတော့ ပို့တာတွေ လုပ်နိုင်မယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လည်း မျှော်မှန်းထားတဲ့အတွက် နောင်ကိုး နစ်လောက်အထိကို မျှော်မှန်းပြီး အခြေခံ အဆောက်အအုံ တွေကိုလည်း တည် ဆောက်မှာဖြစ်ပါတယ်”ဟု ပြောသည်။

 အဆိုပါ စက်မှုဥယျာဉ် စီမံကိန်းကို စင်ကာပူ အစိုးရ ပါဝင်သည့် Sembcorp ကုမ္ပဏီအပါအဝင် မြန်မာကုမ္ပဏီနှစ်ခုက အမေရိကန်ဒေါ်လာ ၄၅ သန်းကျော် ရင်း နှီးမြှုပ်နှံ၍ ဖက်စပ်လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။ စီမံကိန်းမှ ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အ ခွင့်အလမ်းပေါင်း ၇၅ဝဝဝ ဖန်တီးပေးနိုင် မည်ဖြစ်ပြီး အထွေထွေ စက်မှုလုပ်ငန်းများ၊ လူနေအိမ်များ၊ အသီးအနှံများ စိုက်ပျိုး ထုတ်လုပ်သည့် စက်ရုံ၊ အလုပ်ရုံများ၊ သီး နှံများကို ထုပ်ပိုးသည့် စက်ရုံများနှင့် စိုက် ပျိုး လုပ်ငန်းများနှင့် အဓိက သက်ဆိုင်သောစက်မှုဥယျာဉ် စီမံကိန်းများ ပါဝင် မည်ဖြစ်ကြောင်း သိရသည်။

 စီမံကိန်းဧရိယာသည် ဇာ ၁၃ဝဝ ကျော်ရှိမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသ ကြီး၊ လှည်းကူးမြို့ နယ်ရှိ ပိုက်ကြီးဝဲကျေး ရွာအုပ်စုတွင် ဧက ၂၀၀ ကျော်၊ တံခွန် တိုင်ကျေးရွာအုပ်စုတွင် ဧက ၇၆ဝ ကျော်၊ အုန်းလှဲကုန်း ကျေးရွာအုပ်စုတွင် ဧက ၂၄ဝ ကျော် ၊ ညောင်တစ်ခြမ်းကျေးရွာအုပ် စုတွင် ၁၁၇ ဧကခန့်နှင့်ကျွန်းကုန်းကျေး ရွာအုပ်စုတွင် ၁၇ ဧကကျော်တွင် အကောင်အထည်ဖော်မည်ဖြစ်သည်။ အဆို ပါ လယ်ယာမြေများသည် စုစုပေါင်း လယ်သမား ၁၇၇ ဦး ပိုင်သည့် မြေများဖြစ်ကြောင်း သိရသည်။

Infrastructure and Zones Read 85 times