စစ်သမိုင်းပြတိုက်နေရာတွင်ဆောက်မည့် ဟိုတယ်စီမံကိန်း ရွှေတိဂုံစေတီအမြင့်ထက်ကျော်လွန်ပါက ခွင့်မပြုဟုဆို


12 November, 2020

ရွှေတိဂုံဘုရားလမ်းထောင့်နှင့် ပန်တျာလမ်းထောင့်ရှိစစ်သမိုင်းပြတိုက်နေရာတွင် အထပ်ရှစ်ထပ်ဖြင့်နိုင်ငံတကာအဆင့်မီဟိုတယ်ဆောက်လုပ်မှုမှာ ပြည်ထောင်စုနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရမှ ထုတ်ပြန်ထားသည့် မြို့ပြစီမံကိန်းဆိုင်ရာ အချက်အလက်စည်းကမ်းများနှင့် ညီညွှတ်မှုရှိ မရှိကို တာဝန်ရှိသူတစ်ဦးထံသို့မေးမြန်းခဲ့ကြောင်း သိရသည်။

သတ်မှတ်ထားသောအထပ်များဆိုသည်မှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို တင်ပြစဉ်ကပရိုပိုဇယ်ထဲတွင် ဖော်ပြထားသောအထပ်ရေများ ဖြစ်သည်။

အမှန်တကယ်တည်ဆောက်လာသောအခါရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ သတ်မှတ်ထားသော ဇုန်နည်းနှင့်ရော အထပ်သတ်မှတ်ချက်နှင့်ပါ လိုက်လျေညီထွေရန်

ထိုစည်းမျဉ်း စည်းကမ်းများကိုလည်းလိုက်နာဆောင်ရွက်ပြီးမှ ဆောက်လုပ်ရမည်ဟု သိရသည်။

ဒဂုံမြို့နယ်တွင် အမြင့်ဆုံး လေးထပ်အဆောက်အအုံသာလျှင်ရှိကြောင်း၊ယခုရှစ်ထပ်ဆောက်လုပ်ရန်ခွင့်ပြုထား ခြင်းသည် ကိုက်ညီမှုရှိပါသလားဆိုလျှင် ဗဟုသုတအရ ကိုက်ညီမှုမရှိကြောင်း သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)သို့တင်ပြထားသော အထပ်အရေအတွက် ဖြစ်သော်လည်း သက်ဆိုင်ရာစည်ပင်သာယာရေးကော်မတီ၊ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ

သတ်မှတ်ထားသည့်စည်းမျဉ်းစည်းကမ်းများနှင့် မကိုက်ညီပါကယင်းစီမံကိန်းကို ခွင့်ပြုမည်မဟုတ်ကြောင်းသိရသည်။

ထို့အပြင် ယင်းဟိုတယ်ဆက်လက်ဆောက်လုပ်ရာတွင်လည်း အထပ်အမြင့်သတ်မှတ်ချက်ကို ခွင့်ပြုချက်ထပ်ယူရမည်ဟုထင်မြင်မိကြောင်း သိရသည်။

အဆိုပါစစ်သမိုင်းပြတိုက်မြေနေရာအကျယ်အဝန်းမှာ ၉ ဒသမ၀၂၈ဧကရှိပြီး ၂ဝ၁၃တွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ဆောက်လုပ်ခွင့်ပါမစ်ချထားပေးခဲ့ကြောင်း သိရသည်။

၂ဝ၁၇ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေသစ်အရ ဟိုတယ်စီမံကိန်းဆောက်လုပ်မည့် ပရောဂျက်ကို မြန်မာကုမ္ပဏီနှင့် ဂျပန်ကုမ္ပဏီတို့ပူးပေါင်း ဆောင်ရွက်ရန် MICသို့ တင်ပြရာခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

ယင်း စီမံကိန်း ဆောက်လုပ်သည့် ကာလအတွင်း မြေငှားရမ်းခကို ကန်ဒေါ်လာတစ်နှစ်လျှင်ငါးသိန်းနှင့် ကျန်နှစ်များတွင် ပုံမှန်စီးပွားရေးလည်ပတ်ချိန်တွင် ကန်ဒေါ်လာ၁ဒသမ ၈၂,၂၅၆သန်းပေးရန် သဘောတူစာချုပ်ချုပ်ဆိုထားကြောင်း သိရသည်။

အထပ်ရှစ်ထပ်ရှိနိုင်ငံတကာ အဆင့်မီဟိုတယ်၊အထပ်ရှစ်ထပ်ရှိ ရုံးခန်းများနှင့် နှစ်ထပ်အမြင့်ရှိဈေးဝယ်စင်တာတို့ကိုဆောက်လုပ်ရန်တင်ပြထားကြောင်း သိရသည်။

7Day Daily

Hospitality Read 128 times