စာချုပ်ချုပ်ဆိုရာဝယ် သတိမထားမိသည့်အရာများ


06 December, 2020

  ပုံမှန်အားဖြင့် စာချုပ်ချုပ်ဆိုသူအများစုသည် ( အိမ်၊ ခြံ ၊ မြေ၊ တိုက်ခန်း ) ၏ အနေအထား များကို သေချာမစုံစမ်းမသိရှိဘဲ အခြားသူများချုပ်ဆိုသည့် စာချုပ်နမှုနာများကို ဝယ်ယူ၍ ချုပ်ဆိုနေကြသည်။

(၁) ပိုင်ဆိုင်မှုစာရွက်စာတမ်းများမှန်၊ မမှန်။
(၂) လက်ရှိပိုင်ရှင် ဟုတ်မဟုတ်
 (၃) သက်ဆိုင်ရာဥပဒေနှင့် ညီညွှတ်မှုရှိ၊ မရှိ တို့ဖြစ်သည်။

          ပစ္စည်းတစ်ရပ်အားဝယ်ယူရာတွင် ပိုင်ရှင်ဖြစ်သူထံမှ ဝယ်ယူမှသာလျှင် တရားဝင်ပိုင်ဆိုင်မှု ရရှိမည်ဖြစ်ပြီၤး ပိုင်ရှင်အစစ် မဟုတ်သူထံမှ ဝယ်ယူမိပါက ပစ္စည်းတစ်ရပ်အား လက်လွတ်ဆုံးရူံးနိုင်ပါ သည်။ ပိုင်ရှင်မဟုတ်သူ မပိုင်သူ သည် ရောင်း၍မရနိုင်ပါ။

          လင်မယားနှစ်ဦးအမည်ပေါက်ဖြစ်ပါက နှစ်ဦးလုံးပါဝင်ရမည်။ တစ်ဦးဦးအမည်ပေါက်ဖြစ်ပါက ကျန်တစ်ဦးက သက်သေနေရာတွင်လည်းကောင်း အသိမှတ်ပြုကြောင်းသက်သေအထောက်အထား ရှိ ရန်လက်မှတ်မှတ်ရေးထိုးရမည်။ မိဘနှစ်ပါးကွယ်လွန်ပါကလည်း အမွေးစားအမွေခံ သားသမီးအရင်းများ ၊ မွေးစားသားသမီးများ ၊ အမွေမီမြေး၊အမွေမမီမြေများ ပါဝင်လက်မှတ်ရေးထိုးရမည်။

          မရွှေ့မပြောင်းနိုင်သောပစ္စည်းများအား အရောင်းအဝယ်စာချုပ်ချုပ်ဆိုရာ၌စာချုပ်စာတမ်းမှတ် ပုံတင်ဥပဒေ အရ မှတ်ပုံတင်စာချုပ်စာတမ်းဖြင့် ချုပ်ဆိုဝယ်ယူမှ ဥပဒေအရခိုင်မာမှု ရှိမည်ဖြစ်ပါသည်။ ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများအား အရပ်စာချုပ်ဖြင့် ဝယ်ယူနိုင်ပါသည် မှတ်ပုံတင်လိုကတင်နိုင်ပါသည်။ အဆိုပါ ရွှေ့ပြောင်း မရွှေ့ပြောင်းနိုင်သောပစ္စည်းများအား စာချုပ်ချုပ်ဆိုဝယ်ယူပြီးနောက် ထို့နေ့တွင် ပင် မိမိလက်ဝယ်သို့ လက်ရောက်ရယူ ထားရန် လိုအပ်ပါသည်။

           စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေအရ မှတ်ပုံမတင်မနေရ အဖြစ်ပြငှာန်းထားသော ကိစ္စရပ်များ အား မှတ်ပုံတင်စာချုပ်ချုပ်ဆိုမှသာ တရားဝင်ခိုင်မာမှု အပြည့်အဝရှိမည်ဖြစ်ပါသည်။

          စာချုပ်ချုပ် ဆိုရာတွင် သက်သေ(၂)ဦးမဖြစ်မနေ ပါဝင်လက်မှတ်ရေးထိုးရသည့်ကိစ္စရပ်များ ရှိသလို သက်သေမလို အပ်သည့် စာချုပ်စာတမ်း များလည်းရှိပါသည်။

          စာချုပ်စာတမ်းချုပ်ဆိုရာတွင် ပါဝင်သူများအားလုံးပါဝင်လက်မှတ်ရေးထိုးရမည့် အပြင် လက်ဗွေ ပါနှိပ်ထားလျှင် ပို၍ သင့်တော်မည်ဖြစ်ပါသည်။ စာချုပ်၌ ပြင်ရာဖျက်ရာများ ပြုလုပ်မိပါကလည်း ပြင်သည့် နေရာတွင် လက်မှတ်တိုများရေးထိုးသင့်ပေသည်။

           စာချုပ်ချုပ်ဆိုရာတွင်ဥပဒေနှင့်အညီ ပြည့်စုံစွာ ချုပ်ဆိုသင့်ပေသည်။ နူတ်တစ်ရာစာတစ်လုံး ဆိုသလို နောင်တွင် ပြဿနာပေါ်ပေါက်ပါက စာချုပ်ပါအတိုင်းလိုက်နာဆောင်ရွက်ဖြေရှင်းရမည်ဖြစ်ပါ သည်။

           စာချုပ်တစ်ရပ်ချုပ်ဆိုခြင်းသည်အလွန်အရေးကြီးသောကိစ္စရပ်ဖြစ်ပါသည်။ အလွဲများ အမှား များ မရှိရလေအောင် ကျွမ်းကျင်သော ရှေ့နေရှေ့ရပ်ဖြင့် တိုင်ပင် ချုပ်ဆိုသင့်ပါသည်။

Source:imyanmar House

Tips Read 67 times