အိမ်ရာစီမံကိန်း တိုက်ခန်းများဈေးအနည်းငယ် မြင့်တက်လာ


02 November, 2020

 

ရန်ကုန်မြို့တွင်ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ဆောင်ရွက်နေသောအိမ်ရာစီမံကိန်း၂၆ခုရှိပြီးရောင်းချသော အခန်းတန်ဖိုးသည်နဂိုရောင်းဈေးထက်အနည်းငယ်မြင့်တက်လာကြောင်းသိရသည်။

အခန်းတန်ဖိုးမြင့်တက်လာခြင်းသည်လုပ်သားစရိတ်တက်လာခြင်း၊ဆောက်လုပ်ရေးပစ္စည်းစရိတ်ဈေးများလာ ခြင်းကြောင့်အခန်းတန်ဖိုးများကိုမူရင်းဈေးနှုန်းအတိုင်းမရောင်းချနိုင်ပဲခေတ်ကာလအခြေအနေအရအနည်းငယ် မြင့်တက်သွားကြောင်းမြို့ပြအိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတာဝန်ရှိသူတစ်ဦးကပြောကြားချက်အရသိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ဖော်ဆောင်ပေးနေသောဒဂုံမြို့သစ် (ဆိပ်ကမ်း)ရှိကနောင်တန်ဖိုးနည်းအိမ်ရာစီမံကိန်း၊ဒဂုံမြို့သစ်တောင်ပိုင်းရှိပုလဲမွန်တန်ဖိုးသင့်အိမ်ရာ၊ 

အောင်မြင့်မိုရ်အိမ်ရာ၊ဒဂုံမြို့သစ်မြောက်ပိုင်းရှိအနော်ရထာအိမ်ရာစီမံကိန်း၊မြောက်ဥက္ကလာရှိ ဘောဂဗလအိမ်ရာစီမံကိန်း၊သန္တာ(၁၇)လမ်းအိမ်ရာစီမံကိန်း၊ရွှေပေါက်ကံ(၁၄)အိမ်ရာစီမံကိန်း၊လှိုင် သာယာမြို့နယ်ရှိရွှေလင်ပန်းတန်ဖိုးနည်းအိမ်ရာစီမံကိန်းအပိုင်း(၂),(၃)၊ထီးလှိုင်ရှင်အိမ်ရာစီမံကိန်း၊ရွှေလင်ပန်း Commercial Areaအတွင်းရှိအိမ်ရာစီမံကိန်း၊ကျန်စစ်သားအိမ်ရာစီမံကိန်းတို့ဖြစ်ကြောင်းသိရသည်။

ဗိုလ်တထောင်မြို့နယ်(၅၁)လမ်းရှစ်ထပ်ခွဲတိုက်၁၆ထပ်business towerအမှတ်(၈၄/၈၈) ဗိုလ်တထောင်လမ်းထောင့်အိမ်ရာစီမံကိန်းနဲ့(၅၁)လမ်းအိမ်ရာစီမံကိန်း၊ပုဇွန်တောင်ရှိလေးထပ်တိုက်၊ဗဟန်း မြို့နယ်လင့်လမ်းရွှေဂုံအိမ်ရာ၊ 

အင်းစိန်မြို့နယ်အောင်ဇေယျအိမ်ရာစီမံကိန်း၊သာကေတမြို့နယ်water front villa (၃) ၊ရန်ကင်းမြို့နယ်ရှိရန်ရှင်းကွန်ဒိုမီဒီယံ၊မင်္ဂလာတောင်ညွန့်ရှိAtriumကွန်ဒို တာမွေမြို့နယ်ကျိုက္ကဆံ လမ်းထောင့်အိမ်ရာစီမံကိန်း၊သန်လျင်အောင်ချမ်းသာအိမ်ရာစီမံကိန်းအပိုင်း(၁)နှင့်(၂)၊ရွှေပြည်သာမြို့နယ်ရှိ စက်မှုဇုန် အပိုင်း (၃) Commercial Area အပိုင်း(၂)အတွင်းအိမ်ရာစီမံကိန်းများဖြစ်ကြောင်းသိရသည်။

imyanmarhouse

Real Estate & Properties Read 191 times