Housing Project in Mandalay


27 October, 2020

မန္တလေးတိုင်းဒေသကြိးအတွင်း တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအတွက် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ငါးနှစ်အတွင်း ဝန်ထမ်းအိမ်ရာ အခန်းပေါင်း ၂၀၀၀ ကို ဘဏ္ဍာနှစ်အလိုက်ဆောက်လုပ်ပေးမည်ဟုသိရသည်။

ယခုလက်ရှိတွင် မန္တလေးတိုင်းဒေသကြီးတွင် တာဝန်ထမ်းဆောင်လျှက်ရှိသောဝန်ထမ်းပေါင်း ၅သောင်းကျော်ရှိရာ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အထိ ဝန်ထမ်းအိမ်ရာ တိုက်ခန်းပေါင်း ၁၈၀၀ ကျော် ဆောက်လုပ်ပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။

ယခုဘဏ္ဍာရေးနှစ်တွင် ဝန်ထမ်းအိမ်ရာတိုက်ခန်းပေါင်း ၄၄၀ ဆောက်လုပ်နေဆဲဖြစ်သော်လည်း ဝန်ထမ်းအင်အားနှင့် တိုက်ခန်းအရေအတွက်မှာ လုံလောက်မှုမရှိသေးသဖြင့် ထပ်မံတည်ဆောက်ပေးမည်ဟု သိရသည်။

ထို့ပြင် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ရှစ်ခန်းတွဲငါးထပ်အဆောက်အအုံအလုံး ၂၀ ကိုဆောက်လုပ်ခဲ့ပြီး ယခုဘဏ္ဍာနှစ်မှ ၂၀၂၀ ပြည်နှစ်အထိ တန်ဖိုးနည်းနှင့် တန်ဖိုးမျှတတိုက်ခန်းပေါင်း ၈၀၀၀ ဆောက်လုပ်ပေးသွားမည် ဟုသိရသည်။

Source:Myanmar alin

Public Housing Read 107 times