အိမ်ရာစီမံကိန်းများ ဖော်ဆောင်ရန် မြေလိုအပ်ချက်ရှိမှုအပေါ် ညှိနှိုင်းဆောင်ရွက်မည်


27 October, 2020

ရန်ကုန်တိုင်းဒေသကြီးအတွင်းအိမ်ရာစီမံကိန်းများဖော်ဆောင်ရန် မြေနေရာလိုအပ်ချက်ရှိမှုအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းများညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့်ချိတ်ဆက်ပြီး နှစ်ရှည်အရစ်ကျချေးငွေစနစ်ဖြင့် တန်ဖိုးနည်းအိမ်ရာများဝယ်ယူနိုင်ရန် ဆောင်ရွက်ပေးထားကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီးအနေဖြင့်မူလကရန်ကုန်မြို့အတွက်လိုအပ်နေသောအိမ်ရာစီမံကိန်းများလုပ်ဆောင်ရန်မေနေရာဆောင်ရွက်ပေးထားသော်လည်းလက်ရှိကာလလယ်ယာမြေနစ်နာမှုများပေါ်မူတည်ပြီးမူလလက်ငုတ်လယ်ယာလုပ်ကိုင်သူများကကန့်ကွက်မှုများကြောင့်မြေနေရာတစ်စိတ်တစ်ပိုင်းအနေဖြင့်အခက်အခဲရှိကြောင်းသိရသည်။

ယင်းအတွက်သက်ဆိုင်ရာတာဝန်ရှိသူများညှိနှိုင်းဆွေးနွေးဆောင်ရွက်မည်ဆိုပါကအခက်အခဲများပြေလည်စေမည်ဖြစ်ကြောင်းသိရသည်။

ဝင်ငွေနည်းပြည်သူများအတွက် နှစ်ရှည်အိမ်ရာချေးငွေစနစ်ဖြင့် ငွေကျပ်သိန်း ၁၀၀ ဝန်းကျင်ရှိ တန်ဖိုးနည်းတိုက်ခန်းဝယ်ယူခွင့်ရသူများတိုက်ခန်းတန်ဖိုးငွေပြန်ဆပ်ကာလကိုယခင်ရှစ်နှစ်အထိထားပေးထား သော်လည်းလက်ရှိတွင် ၁၀ နှစ်အထိတိုးမြှင့်ထားကြောင်းသိရသည်။

ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင်အိမ်ရာစုဆောင်းငွေစာရင်းဖွင့်လှစ်၍ တိုက်ခန်းတန်ဖိုး ၃၀ ရာခိုင်နှုန်းပြည့်မီစုဆောင်းထားသူများစာရင်းကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီၤးဌာနသို့ အပတ်စဉ်ပေးပို့ပြီးတိုက်ခန်းများရောင်းချသည့်အခါ ဆောက်လုပ်ရေးဝန်ကြီးဌာနကချမှတ်ထားသည့် မူဝါဒအတိုင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ စိစစ်ရောင်းချပေးကြောင်းသိရသည်။

Source:Myawaddy newspaper

Public Housing Local Read 90 times