နွေရာသီတွင် Aircon မလိုဘဲ နေအိမ်အား အေးအောင် ပြုလုပ်နည်း (၁၂) နည်း


23 November, 2020

ပူပြင်းတဲ့ လတွေမှာ အပူဒဏ်ကို ခံနိုင်ဖို့ လေအေးပေးစက်ဖွင့်တာ၊ ပန်ကာရှေ့တွင် နေတာတို့ ပြုလုပ်လေ့ရှိကြပါတယ်။

ဒါပေမဲ့ ဒါတွေဟာ အေးမြစေတဲ့ တစ်ခုတည်းသော နည်းလမ်းတွေ မဟုတ်ပါဘူး။ မီတာခကုန်ကျခြင်း မရှိဘဲ နေအိမ်ကို အပူဒဏ်မှ ကာကွယ်နိုင်တဲ့ နည်းလမ်းများစွာလည်း ရှိသေးသလို ကိုယ်တိုင်လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေလည်း ဖြစ်ပါတယ်။

၁။ လိုက်ကာများပိတ်ပါ။

ဒီလုပ်ဆောင်ချက်က ရိုးရှင်းလွန်းလှပါတယ်။ မလိုအပ်တဲ့ ပြင်ပအပူချိန် ၃၀ ရာခိုင်နှုန်းကျော်ဟာ ပြတင်းပေါက်ကနေ ဝင်ရောက်လာလေ့ရှိပါတယ်။ လိုက်ကာတွေကို အသုံးပြုခြင်းက အခန်းအပူချိန်ကိုလည်း ၂၀ ဒီဂရီကျော်ကျော် လျော့ကျပေးနိုင်ပါတယ်။

တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် တောင်ဘက်နဲ့ အနောက်ဘက်ကို မျက်နှာမူထားတဲ့ ပြတင်းပေါက်တွေကိုသာ အဓိကထားပြီး လိုက်ကာပိတ်ထားခြင်းက သင့်အိမ်ကို အပူရှိန်မြင့်ခြင်းမှ ကာကွယ်ပေးပါတယ်။

၂။ အခန်းတံခါးတွေပိတ်ပါ။

နေ့တစ်နေ့ရဲ့ အပူဆုံးအချိန်တွေမှာ အခန်းအတွင်းမှာရှိတဲ့ လေအေးတွေ အပြင်ထွက်မသွားအောင် အခန်းတံခါးတွေကို ပိတ်ထားသင့်ပါတယ်။ ပိုအေးတဲ့ ညအချိန်တွေမှာလည်း နေအိမ်အတွင်းမှာ သဘာဝလေ ရရှိနေသလိုခံစားမှုကို ပေးစွမ်းနိုင်ပါတယ်။

၃။ လေအေးပေးစက်အစား ပန်ကာဖွင့်ပါ။

လေအေးပေးစက်တစ်ခုတည်းကသာ အေးမြမှုကို ပေးနိုင်တာ မဟုတ်ပါဘူး။ ဒီ့အပြင် တခြားရိုးရှင်းတဲ့နည်းလမ်းတစ်ခု ရှိပါသေးတယ်။ ပန်းကန်လုံးအလွတ်ထဲကို ရေခဲတုံးခပ်များများ ထည့်ထားပါ။ 

အဲ့ဒီပန်းကန်လုံးကို ပန်ကာ ခပ်ကြီးကြီးရှေ့မှာထားလိုက်ပါ။ ဒီနည်းလမ်းက အရမ်းထိရောက်မှုရှိပါတယ်။ ယုံယုံကြည်ကြည်လုပ်ကြည့်ပါ။

၄။ အိပ်ရာခင်းများလဲလှယ်ပေးပါ။

ရာသီဥတုကို လိုက်ပြီး အိပ်ရာခင်းလဲခြင်းက အခန်းကို လန်းဆန်းစေရုံသာမက အအေးဓာတ်ကို ထိန်းသိမ်းဖို့အကောင်းဆုံး နည်းလမ်းလည်းဖြစ်ပါတယ်။ ရက်ထည်တွေဖြစ်တဲ့ ဖလန်နယ်အိပ်ရာခင်းတို့၊ သိုးမွှေးစောင်တို့က အလွန်ကောင်းပေမဲ့ ဒီလိုရာသီဥတုမျိုးမှာ ချည်ထည်က ပိုလေဝင်လေထွက်ကောင်းပြီး အေးမြတာကြောင့် အသုံးပြုဖို့ သင့်တော်ပါတယ်။

၅။ မျက်နှာကြက်ပန်ကာကို ဘယ်ဝိုက်လည်အောင်လုပ်ပါ။

မျက်နှာကြက်ပန်ကာတွေကို ရာသီအလိုက် ပြင်ဆင်မှုတွေလုပ်ပေးဖို့ လိုအပ်ပါတယ်။ နွေရာသီမှာ ပိုအေးမြစေဖို့အတွက် မျက်နှာကြက်ပန်ကာကို ဘယ်ဝိုက်လည်အောင်လုပ်ပြီး အရှိန်တင်ထားမယ်ဆိုရင် အေးမြတဲ့ လေပြေလေညှင်းလေးတွေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။

၆။ အိမ်ကိုမဟုတ်ဘဲ ခန္ဓာကိုယ်ရဲ့ အပူချိန်ကိုလည်း ဂရုစိုက်ပါ။

သင့်ဘိုးဘေးတွေက လေအေးပေးစက်မရှိဘဲ နေထိုင်နိုင်ခဲ့သလို သင်လည်း နေနိုင်ပါတယ်။ ခန္ဓာကိုယ်အေးမြစေဖို့ ရေခဲရေကို တစိမ့်စိမ့်သောက်ခြင်းကစပြီး သွေးခုန်နှုန်း ပြင်းထန်တဲ့နေရာတွေဖြစ်တဲ့ လည်ပင်းနဲ့လက်ကောက်ဝတ်တွေမှာ ရေခဲဝတ်ကပ်တာမျိုး လုပ်ဆောင်ခြင်းကလည်း ကောင်းမွန်တဲ့နည်းလမ်းတွေဖြစ်ပါတယ်။ တခြားနည်းလမ်းတွေအနေနဲ့ကတော့ အဝတ်အစားရွေးချယ် ဝတ်ဆင်ခြင်းပါပဲ။

၇။ အခိုးထုတ်ပန်ကာကို ဖွင့်ထားပါ။

မီးဖိုချောင်က အခိုးထုတ်ပန်ကာကို ဖွင့်ပါ။ ဟင်းချက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ လေပူတွေကို စုပ်ယူပေးနိုင်ပါတယ်။

၈။ အိပ်ရာကို အပူဒဏ်ခံနိုင်အောင်ပြုလုပ်ပါ။

ရိုးရှင်းတဲ့ လုပ်ဆောင်မှုပါ။ သင်အိပ်တဲ့အခါ ရေအေးအိတ်ကို ခေါင်းအုံးအောက် ထားအိပ်ဖို့ပဲ ဖြစ်ပါတယ်။ ခြေထောက်အေးဖို့အတွက်ဆိုရင်တော့ ရေနွေးထည့်ထားတဲ့ ပုလင်းကို ရေခဲသေတ္တာထဲ ထည့်ပြီးမှ ကုတင်ခြေရင်းမှာ ထားအိပ်ပါ။ အဲဒါက ထူးဆန်းကောင်းထူးဆန်းနေနိုင်ပေမဲ့ မအိပ်ခင်မှာ အိပ်ရာခင်းအနည်းငယ်စိုထိုင်းသွားခြင်းက သင့်ကို အေးမြအောင် ကူညီပေးပါလိမ့်မယ်။

၉။ ည လေညှင်းဝင်ပါစေ

နွေရာသီမှာ ညဘက်ဆိုရင် အပူချိန် လျော့ကျလေ့ရှိပါတယ်။ မအိပ်ခင်မှာ ပြတင်းပေါက်တွေ ဖွင့်ထားခြင်းဟာ သင်နေထိုင်တဲ့နေရာကို အေးမြလန်းဆန်းစေပါတယ်။

မနက်ခင်းအပူချိန်များ မလာခင်မှာတော့ ပြတင်းပေါက်တွေ၊ လိုက်ကာတွေကို ပိတ်ဖို့လိုအပ်ပါတယ်။

၁၀။ အလင်းရောင်ဖြာထွက်သော မီးလုံးကိုမသုံးပါနဲ့။

အလင်းရောင်ဖြာထွက်တဲ့ မီးလုံးတွေကို ပြောင်းသုံးချင်နေသူတွေအတွက် သတင်းကောင်းပါပဲ။ အလင်းရောင်ဖြာထွက်တဲ့ မီးလုံးက အပူထုတ်လွှတ်ခြင်းအားဖြင့် စွမ်းအင် ၉၀ ရာခိုင်နှုန်းခန့်ကို ဖြုန်းတီးပစ်နိုင်တာကြောင့် ဒီမီးလုံးတွေကို စွန့်လွှတ်လိုက်မယ်ဆိုရင် အိမ်တွင်းအေးမျှမှုကို ပြောင်းလဲပစ်နိုင်ရုံသာမက မီတာခလည်းချွေတာရာရောက်ပါတယ်။

၁၁။ အိမ်ပြင်မှာချက်ပြုတ်ပါ။

လူတိုင်းသိပေမဲ့လည်း ပြောရဦးမှာပါပဲ။ နွေရာသီမှာ ဒယ်အိုးတွေ၊ မီးဖိုတွေ အသုံးပြုခြင်းက အိမ်ထဲမှာပိုမိုပူလောင်စေပါတယ်။ နဂိုကမှ အပူချိန် ၁၀၀ ဒီဂရီကျော်နေပြီလို့ ခံစားနေရပြီဆိုရင် မီးဖိုကို ၄၀၀ ဒီဂရီအထိတင်ပြီးချက်ပြုတ်ဖို့ဆိုတာ အတော်လေးစဉ်းစားရမယ့်ကိစ္စပါပဲ။

ဒီနေရာမှာတော့ Outdoor Kitchen ရှိတဲ့သူတွေက တစ်ပန်းသာပါတယ်။ မီးဖိုချောင်အသုံးအဆောင်ပစ္စည်းတွေကို အိမ်အပြင်ဘက်ထုတ်ပြီး ချက်ပြုတ်နိုင်ပါတယ်။

၁၂။ ရေရှည်မှာ ကောင်းမွန်အောင်ပြုလုပ်ပါ။

လေအေးပေးစက်လုံးဝမသုံးဘူးလို့ ဆုံးဖြတ်ထားတဲ့သူဆိုရင် အခု နွေရာသီမှာ အိမ်ကို ပိုမိုအေးမြအောင် အပြောင်းလဲလေးတွေ လုပ်ဆောင်နိုင်ပါတယ်။

ဥပမာအားဖြင့် - ပြတင်းပေါက်ကို အပူကာဖလင်ပြားတွေနဲ့ ကာရံခြင်းကလည်း  လိုက်ကာတွေလိုပဲလုပ်ဆောင်ပေးနိုင်ပါတယ်။

အလင်းရောင်ထိုးတဲ့ ပြတင်းပေါက်တွေမှာ အကာတွေတပ်ဆင်ခြင်း၊ အပင်စိုက်ပျိုးခြင်း၊ နွယ်ပင်များထားရှိခြင်းစတဲ့ နည်းလမ်းတွေက နေရောင်မဝင်အောင် ကာကွယ်ပေးနိုင်သလို အိမ်က စုပ်ယူနိုင်တဲ့အပူပမာဏကိုလည်း လျှော့ချပေးနိုင်ပါတယ်။

ဖော်ပြပါအချက်တွေက ပိုက်ဆံအများကြီး မကုန်ရဘဲ အပူဒဏ်ကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ 

How To Read 857 times