ငွေကြေး အကုန်အကျ သက်သက်သာသာနဲ့ အိမ်ကို ဘယ်လို အလှဆင်ကြမလဲ


11 December, 2019

အခုခေတ်မှာ အိမ်ကို Decoration လုပ်တယ်ဆိုတာ ငွေပေါပေါလောလော သုံးနိုင်မှ မဟုတ်ပါဘူး။ ကိုယ်စိတ်ကူးကောင်းရင် ကောင်းသလောက် Creative ဖြစ်ရင်ဖြစ်သလောက် စိတ်ကြိုက်ဖန်တီး ပြင်ဆင်နိုင်ပါတယ်။
 
(၁) ပန်းချီကားလေးတွေ ချိတ်မယ်
 
ပန်းချီကားဆိုတာ သိန်း ၃၀ / ၄၀ တန်တွေမှ အိမ်မှာချိတ်လို့ရတာ မဟုတ်ပါဘူး။ ကိုယ့်ရင်ဘတ်နဲ့ ဆက်ဟပ်ရင် ဒါက ကိုယ့်အိမ်မှာချိတ်သင့်တဲ့ ပန်းချီကားပါပဲ။ ဥပမာ ကိုယ့်ဘေဘီလေး Canvas ပေါ် လျှောက်ခြစ်ထားတဲ့ လက်ရာတစ်ခုကလည်း အိမ်မှာ ချိတ်ဆွဲထားသင့်တဲ့ တန်ဖိုးကြီးပန်းချီကားတစ်ခုဖြစ်ပါတယ်။
 
(၂) အမွှေးပွကောဇော ခင်းမယ်
 အခုနောက်ပိုင်း Online Shop တွေမှာ ရောင်းနေကြတဲ့ အမွှေးပွကောဇောလေးတွေက ဈေးသက်သာပြီး Quality လည်း မဆိုးလှပါဘူး။ ဒီလိုကောဇောတစ်ချပ် ဧည့်ခန်းမှာ ခင်းထားမယ်ဆို အိမ်အဝင်ဝလေးက ပိုပြီးတောက်ပ ဘိုဆန်လာပါလိမ့်မယ်။
 
(၃) ပန်းအိုးလေးတွေထားမယ်
 
ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေက အိမ်မှာ ပန်းအိုးကို ဘုရားစင်မှာပဲ ထားလေ့ရှိပါတယ်။ တကယ်တော့ အိမ်နေရာအနှံ့အပြားမှာ ပန်းလေးတွေကို မြင်တွေ့ရရင် လူရဲ့စိတ်ကို ငြိမ်းချမ်းစေမှာ သေချာပါတယ်။
 (၄) You Tube က DIY တွေကို လက်တွေ့လိုက်လုပ်ကြည့်ပါ
 YouTube မှာ DIY ( Do It Yourself) လို့ ရှာလိုက်ရင် ကိုယ်တိုင်ဖန်တီးလို့ရတဲ့ အိမ်အလှဆင် Project လေးတွေ အများအပြားတွေ့ရပါလိမ့်မယ်။ ပစ္စည်းအဟောင်းတွေကို Recycle ပြန်လုပ်လို့ရတာကြောင့် အိမ်ရဲ့ Decoration အတွက် ငွေကြေးအများကြီးသုံးစရာမလိုတော့ပါဘူး။
 
(၅) စာအုပ်စင်ကောင်းကောင်းထားပါ
 
စာအုပ်စင်ဆိုတာ ကိုယ်ကသေချာ စီစီရီရီထားတတ်မယ်ဆို အိမ်အတွက် အဖိုးတန်လှတဲ့ Decoration တစ်ခုပါပဲ။ စာအုပ်ချစ်သူတွေအတွက်လည်း ပိုမိုနှစ်လိုဖွယ်ကောင်းတဲ့ အိမ်ဂေဟာလေးဖြစ်လာမှာပါ။

Tips Read 110 times