အိမ်နှင့်မြေ(ဂရန်မြေ) ဝယ်လိုက်သောကြောင့် ဝယ်ခွန် ရောင်းခွန်မည်သို့ ထမ်းဆောင်ရပါမည်နည်း?


14 November, 2020

ဥပဒေဝေါဟာရအခေါ် အခြေပစ္စည်းဖြစ်သည့် အိမ်၊ခြ၊ံမြေ တိုက်ခန်းများရောင်းခြင်း၊ဝယ်ခြင်း၊ငှားရမ်းခြင်း၊လွှဲပြောင်းခြင်း စသည်တို့ပြုလုပ်ပါက

မြန်မာနိုင်ငံ ပြည်ထောင်စု၏အခွန်ကော်ဥပဒေနှင့်အညီ သတ်မှတ်ထားသည့် နှုန်းထားများအပေါ် ဝင်ငွေခွန်ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်းရှိသည့် အိမ်၊ခြံ၊မြေတိုက်ခန်းများ ရောင်းခြင်း၊ဝယ်ခြင်းပြုလုပ်ပါက ပထမဦးစွာ ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း၊လောကနတ်အနုပညာခန်းမ အဆောက်အအုံ၏

ပထမထပ်ရှိရန်ကုန်တိုင်းတန်ဖိုးစိစစ်ရေးအဖွဲ့သို့ တန်ဖိုးစိစစ်သတ်မှတ်ပေးပါရန် အရောင်းအဝယ်ကတိစာချုပ်နှင့် အတူလိုအပ်သော စာရွက်စာတမ်းများကို ပူးတွဲတင်ပြပြီး

အရောင်းအဝယ်ပြုလုပ်သည့်နေ့မှ တစ်လအတွင်း ရောင်းသူဝယ်သူကိုယ်တိုင်သွားရောက်၍ ပုံစံများ ဖြည့်စွက်တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။

တန်ဖိုးစိစစ်ရေးအဖွဲ့သည် လိုအပ်လျှင် ကွင်းဆင်းစစ်ဆေးပြီး အိမ်၊ခြံ၊မြေတိုက်ခန်းတန်ဖိုးသတ်မှတ်ထားသည့် စံနှုန်းများနှင့် အညီ စည်းဝေးဆုံးဖြတ် သတ်မှတ်ပေးကြောင်း သိရသည်။

ထို့နောက်အိမ် မြေ တိုက်ခန်းတို့၏တန်ဖိုးသတ်မှတ်ချက်အကြောင်းကြားစာကို အဆိုပါ အိမ် မြေ တိုက်ခန်းရှိရာ မြို့နယ်အခွန်ဦးစီးရုံးသို့ တစ်လအတွင်း ပေးပို့ကြောင်းသိရသည်။

အခွန်ထမ်းသည် သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးမှူးရုံးတွင် ကျသင့်သည့် ဝင်ငွေခွန်ကို ပေးသွင်းရမည်ဖြစ်သည်။

အများပြည်သူက အလွယ်ကူဆုံးသတ်မှတ်ခေါ်တွင်နေကြ သော ရောင်းခွန်ဖြစ်သည့် ရောင်းရသည့် အခြေပစ္စည်း အိမ်မြေ တိုက်ခန်း တို့မှ ရရှိသော အမြတ်အ စွန်းငွေပေါ်တွင် ကောက်ခံသည့် ဝင်ငွေခွန်နှင့် ဝယ်ခွန်ဟု သတ် မှတ် ခေါ်တွင်နေကြသော အိမ်၊ မြေ၊ တိုက်ခန်းတို့ ဝယ်ယူသည့် ငွေ ပေါ်တွင် ကောက်ခံသည့် ဝင်ငွေ ခွန်ဟူ၍ နှစ်မျိုးရှိပါသည်။

သတ်မှတ်သည့်ရောင်းခွန်နှုန်းထား

၂ဝ၁၅ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ-၂၇တွင် အခြေပစ္စည်းတစ်ခုသို့မဟုတ် တစ်ခုထက်ပို၍ရောင်းချခြင်း၊လဲလှယ်ခြင်း၊အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်းမှ မြတ်စွန်းငွေရရှိလျှင် ထိုသို့မြတ်စွန်းသည့်ကျပ်ငွေ သို့မဟုတ်နိုင်ငံခြားငွေ အပေါ်၁ဝရာခိုင်နှုန်းဖြင့် ဝင်ငွေခွန်စည်းကြပ်ရမည်ဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။

အိမ်၊မြေ တိုက်ခန်းများ ရောင်းချ၊လွှဲပြောင်းပေးခြင်းကြောင့် မူလဝယ်စဉ်မှ တန်ဖိုးပေါ်တွင် အမြတ်အစွန်းရရှိခဲ့သော် ယင်းရရှိသည့် အမြတ်အစွန်းပေါ်တွင် တစ်ဆယ်ရာခိုင်နှုန်း အခွန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ခြွင်းချက်အနေဖြင့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ-၂၈တွင် အခြေပစ္စည်းတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ရောင်းချခြင်း၊လဲလှယ်ခြင်း သို့မဟုတ်

အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်းပြုလုပ်သည့်နှစ်တစ်နှစ်အတွင်း အခြေပစ္စည်း၏တန်ဖိုးစုစုပေါင်းသည် ကျပ်သိန်းတစ်ရာထက်မပိုလျှင် အခြေပစ္စည်းမှ မြတ်စွန်းငွေပေါ်ပေါက်စေကာမူ

ဝင်ငွေခွန်စည်းကြပ်ခြင်းမပြုရဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။

ထို့ကြောင့် အခြေပစ္စည်းရောင်းရသည့်တန်ဖိုးသည် ကျပ်တစ်ရာထက် မကျော်လျှင် အခွန်စည်းကြပ်ခြင်းမရှိဘဲ အလိုအလျောက် ကင်းလွတ်ခွင့်ရမည်ဖြစ်သည်။

သတ်မှတ်သည့်ဝယ်ခွန်နှုန်းထား

၂ဝ၁၅ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၂၄ တွင် နိုင်ငံသားမည်သူမဆို အခြေပစ္စည်းတစ်ရပ်ရပ်ကို ဝယ်ယူခြင်း အတွက် အသုံးပြုသည့် ဝင်ငွေမှာ

ဝင်ငွေရလမ်း မဖော်ပြနိုင်သည့် ဝင်ငွေ(တစ်နည်းအားဖြင့် စည်းကြပ်မှုမှ ကင်းလွတ်နေသော ဝင်ငွေ) ဖြစ်ပါက ယင်းဝင်ငွေအပေါ်၃ဝရာခိုင်နှုန်း ဝင်ငွေခွန်စည်းကြပ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

ထို့ကြောင့် အိမ်၊မြေ တိုက်ခန်းများဝယ်ယူရာတွင် အသုံးပြုသော ငွေမှာ ဝင်ငွေရလမ်း မဖော်ပြနိုင်သည့် ဝင်ငွေဖြစ်နေလျှင် ယင်းဝင်ငွေအပေါ် ၃ဝရာခိုင်နှုန်း ဝင်ငွေခွန်စည်းကြပ်ခံရမည်ဖြစ်ကြောင်း သိရသည်။

အိမ်၊မြေ တိုက်ခန်းဝယ်ယူရာတွင် အသုံးပြုသောသောငွေများ၌ဝင်ငွေရလမ်းတင်ပြနိုင်သည့် ဝင်ငွေပါရှိနေပါက ယင်းဝင်ငွေကို နုတ်၍ကျန်ရှိသည့် ဝင်ငွေရလမ်းမဖော်ပြနိုင်သော ဝင်ငွေအပေါ်တွင်သာ အောက်ပါ နှုန်းထားအတိုင်း ထမ်းဆောင်ရမည်ဟု ပြဋ္ဌာန်းထားသည်။

အိမ်၊ မြေ၊ တိုက်ခန်းများ ဝယ်ယူရာတွင် အသုံးပြုသော ဝင်ငွေမှာ ယခင်က အ ခြေပစ္စည်း အိမ်၊ မြေ၊ တိုက်ခန်း အပါအဝင် မော်တော်ကား စသ ဖြင့် အခိုင်အမာ ပစ္စည်းများ ရောင်းချစဉ်၊

တရားဝင်အခွန်စည်း ကြပ်ထားပြီးသောငွေ၊ ဝင်ငွေရ လမ်း ဖော်ပြနိုင်သည့်ဝင်ငွေကို သုံး စွဲကြောင်း အခွန်ထမ်းမှ တင်ပြခွင့် ရှိပေသည်။

အိမ်၊ မြေ၊ တိုက် ခန်း ဝယ်ယူသည့် ဝင်ငွေထဲမှ ယခင်က ပစ္စည်းရောင်းချ၍ အခွန် စည်းကြပ်ထားသော ဝင်ငွေကိုနုတ် ပြီး ကျန်ရှိသည့်ဝင်ငွေအပေါ် အောက်ပါနှုန်းထားအတိုင်း ထမ်း ဆောင်ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်း ထားခြင်းဖြစ်သည်။

ကျန်ရှိသည့်ဝင်ငွေရလမ်း မဖော်ပြနိုင်သော၊ အခွန်စည်းကြပ်ထားခြင်းမရှိသော ငွေမှာ- ငွေကျပ်သိန်းတစ်ထောင်အထိ ၃ ရာခိုင် နှုန်း။

  ငွေကျပ်သိန်းတစ်ထောင် မှ ငွေကျပ်သိန်း ငါးထောင်အထိ ၅ ရာခိုင်နှုန်း။

   ငွေကျပ်သိန်း ငါးထောင်မှ၊ ငွေကျပ်သိန်း တစ်သောင်းအထိ ၁ဝ ရာခိုင်နှုန်း။

   ငွေကျပ်သိန်းတစ်သောင်း မှ ငွေကျပ်သိန်းတစ်သောင်း ငါး ထောင်အထိ ၂ဝ ရာခိုင်နှုန်း-

   ငွေကျပ်သိန်းတစ်သောင်း ငါးထောင်တစ်ကျပ်နှင့် အထက် ၃ဝ ရာခိုင်နှုန်း ထမ်းဆောင်ရမည် ဟု      သတ်မှတ်ပြဋ္ဌာန်းထားပေ သည်။

ယင်းဥပဒေ ပုဒ်မ ၂၄ ၌ အခြေပစ္စည်း တစ်ရပ်ရပ် ကို ဝယ်ယူရာတွင် အသုံးပြုသော ငွေအားလုံးအပေါ် ဝင်ငွေရလမ်း အတိ အကျတင်ပြနိုင်ပါက ဝင်ငွေ ခွန်ထမ်းဆောင်ရန် မလိုဟု ဖော် ပြထားပေသည်။

 အိမ်မြေ၊ တိုက်ခန်း ဝယ်ယူရာတွင် သုံးစွဲသည့် ငွေကြေးပမာဏမှာ ယခင်က အိမ်မြေ တိုက်ခန်း မော်တော် ကား စသဖြင့် ခိုင်မာသည့် ပစ္စည်း ရောင်းချခဲ့စဉ်

အခွန်စည်းကြပ် ထားပြီးဖြစ်သော ဝင်ငွေ သို့မဟုတ် အခြားနည်းလမ်းတစ်ခုခုဖြင့် ဥပမာ- ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းတစ်ခုခုဖြင့် ရရှိထားသောဝင်ငွေအပေါ်အခွန်စည်းကြပ်ထားပြီး

ဖြစ်သည့် ဝင်ငွေ ပမာဏ အောက် လျော့ နည်းနေပါက ထပ်မံအခွန် ထမ်းဆောင်ရန် မလိုအပ်တော့ဘဲ အခွန်စည်းကြပ်ခြင်းမှ ကင်းလွတ် ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

Source:ShweProperty

How To Read 74 times