နှစ်ပေါင်း ၅ဝ ကျော်သက်တမ်းရှိသည့် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ ဒါးပိန်ဈေးကြီး ပြန်လည်ပြုပြင်ခြင်းကို လာမည့် ၂၀၁၈ -၂ဝ၁၉ ဘဏ္ဍာရေးနှစ်တွင်
တင်ဒါခေါ် ယူ၍ အကောင်အထည်ဖော်ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် မှ မတ် ၂၈ ရက်တွင်ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်း အဝေးတွင် ပြောဆိုသည်။
လှည်းကူးမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် မှ လှည်းကူးမြို့နယ်ရှိ ဒါးပိန်ဈေးကြီး ပြန်လည်ပြုပြင်ပေးရန် အစီအစဉ် ရှိမရှိကို မေးမြန်းမှုအပေါ် ရန်ကုန်မြို့တော်ဝန်က အထက်ပါအတိုင်း ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ် သည်။
ထိုဈေးကို ၁၉၆၅ ခုနှစ်ကတည်းက တည် ဆောက်ပြီး ပြုပြင်ထိန်းသိမ်းမှုလည်း နည်းလာသည်။ ထိုကြောင့် လာမယ့် ၂၀၁၈– ၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ ဒီဈေးအတွက် Design and Buildတင်ဒါခေါ်ယူပြီး အကောင်အထည်ဖော်ဆောင်ရွက်ပေးမှာဖြစ် သည် ဟု ရန်ကုန်မြို့တော်ဝန်က ပြောဆို သည်။
ဒါးပိန်ဈေးကြီးသည် အကျယ်အဝန်း ၁ ဒသမ ၄၃၃ ဧကရှိ ဈေးရုံကြီးသုံးရုံဖြင့် အဓိကဖွဲ့စည်းထားပြီး ဈေးရုံ(၁)တွင် ဆိုင်ခန်း ၁၂ ခန်း၊ ဈေးရုံ(၂)တွင် ဆိုင်ခန်း ၂၁ ခန်း၊ ဈေးရုံ(၃)တွင်
ဆိုင်ခန်း ၂၃ ခန်း စုစုပေါင်း ဈေးဆိုင်ခန်း ၅၆ ခန်းရှိကြောင်း သိရသည်။