IBIS Styles Yangon Stadium ဟိုတယ်ဆိုသည်မှာ ပြင်သစ်နိုင်ငံမှ Accor ဟိုတယ်များစီမံခန့်ခွဲရေးကုမ္ပဏီ က ရန်ကုန်တွင်လာရောက် ဖွင့်လှစ်သော တန်ဖိုးသင့်ဟိုတယ် တစ်ခုဖြစ်ပါတယ်။
Accor ကုမ္ပဏီမှ စီမံခန့်ခွဲသည့် ဟိုတယ် Brand များဖြစ်သည့် Pullmen Novotel နှင့် IBIS တို့တွင် Pullmen နှင့် Novoel တို့မှာ အဆင့်မြင့်ဇိမ်ခံ Brand များဖြစ်ပြီး IBIS မှာမူ လူအများတတ်နိုင်သည့် တန်ဖိုးသင့် ဟိုတယ် အမျိုးအစား ဖြစ်သည်။
ဒီ IBIS Styles Yangon Stadium ဟိုတယ်ကို မြန်မာနိုင်ငံမှ မွှေးကော်အိတ် လုပ်ငန်း က ပိုင်ဆိုင်ပြီး Accor Group က တာဝန်ယူစီမံခန့်ခွဲမှာ ဖြစ်ပါတယ်။
ဟိုတယ် ကို ရန်ကုန်တိုင်းဒေသကြီး သင်္ကန်းကျွန်းမြို့နယ် အမှတ် ၃၆၉ လေးဒေါင့်ကန် လမ်း သုဝဏ္ဏ အားကစားကွင်း နှင့်မျက်နှာချင်းဆိုင် ရှိ မြေအကျယ်အဝန်း ဝ.၁၈ဧက (၈၇ပေx ၉၂ပေ) တွင် တည်ဆောက်လျက်ရှိ ပါတယ်။
ဟိုတယ်အမည်ကို အားကစားကွင်းဖြင့် နီးစပ်သည်ကို မှီငြမ်း၍ Yangon Stadium ဟု အမည်မှည့်တွင်ထားကြောင်း သိရှိရသည်။
ဗိသုကာနှင့်အတွင်းဒီဇိုင်းကိုတော့ ထိုင်းနိုင်ငံမှ Santhaya & Associates မှဆောင်ရွက်ပေးထားပါသည်။
ဆောက်လုပ်ရေးအနေဖြင့် တက်လမ်းဆောက်လုပ်ရေး က တာဝန်ယူ ဆောက်လုပ်တာဖြစ်ပြီး ဧပြီလ ၂၀၁၆ တွင် အကြမ်းထည်ပြီးစီးကာ ၂၀၁၆ခုနှစ် ဇွန်လတွင်ဖွင့်လှစ်သွားမည်ဟု သိရှိထားပါတယ်။
ပါဝင်သည့် Company များအကျဉ်း
Company | Country of Origin | Role |
မွှေးကော်အိတ်လုပ်ငန်း | Myanmar | Developer |
Tetlann Construction | Myanmar | Contractor |
Santhaya & Associates | Thailand | Architect & Interior |
Accor Group | France | Hotel management |
ဟိုတယ်မှာ ကြယ်သုံးပွင့်အဆင့်ဖြစ်ပြီး စုစုပေါင်း အထပ် ၈ ထပ်ခွဲ ရှိကာ ၁၀၈ ခန်းပါရှိ၍ အခန်းအမျိုးအစား သုံး မျိုးရှိပါတယ်။
အခန်းအမျိုးအစားများမှာ Standard (၂၆ စတုရန်းမီတာ), Superior (၂၆ စတုရန်းမီတာ) နှင့် Suite (၃၈ စတုရန်းမီတာ) ဖြစ်ပါတယ်။
လုံခြုံရေးစနစ်အရ အခန်းတံခါးသော့များအတွက် ကတ်စနစ်များ ၊ စောင့်ကြည့် ကင်မရာ CCTV များ ၊ မီးလန့် အချက်ပေးကိရိယာများ ၊ မီးလောင်ရင် အလိုအလျောက် ရေဖြန်း ကိရိယာများ စတာတွေ တပ်ဆင်ထား ပါတယ်။
အဆောင်အယောင်နှင့် ဝန်ဆောင်မှုများအနေဖြင့် Café Deli, Rooftop Bar, 369 Restaurant, Fitness Centre Massage တို့ ပါဝင်မည်ဖြစ်သည့်အပြင် ပွဲကျင်းပနိုင်တဲ့ အထူးခန်း ၆ ခန်း ပါဝင် ပါတယ်။
Accor Group က စီမံခန့်ခွဲတဲ့ ဟိုတယ် မြန်မာနိင်ငံမှာ ၃ လုံးရှိနေပါပြီ။ ဒီဟိုတယ်က ရန်ကုန်မှာ ဒုတိယမြောက် Accor Group က စီမံခန့်ခွဲသော ဟိုတယ်ဖြစ်ပြီး ပထမ ဟိုတယ်မှာ Novotel Yangon Max ဟိုတယ် ဖြစ်ပါတယ်။
အခြားစီမံခန့်ခွဲသော ဟိုတယ်များမှာ အင်းလေးကန်အနီး ညောင်ရွှေရှိ Novotel Inle Lake Myat Min နှင့် နေပြည်တော်ရှိ The Lake Garden Nay Pyi Taw – MGallery Collection တို့ဖြစ်သည်။