ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင်ငွေစာရင်းဖွင့်လှစ်ထားပြီးအရစ်ကျနှင့်အိမ်ရာဝယ်ယူခွင့် ရရှိထားသူများအနေဖြင့်သုံးလအထိငွေလာရောက်ပေးသွင်းမှုများမရှိပါက တိုက်ခန်းများကိုပြန်လည်သိမ်းယူ ဟုဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှဦးဆောင်ညွှန်ကြားရေးမှူးမှပြောကြားသည်။
တန်ဖိုးနည်းအိမ်ရာဝယ်ယူခွင့်ကို ၁၀ နှစ်အရစ်ကျစနစ်ဖြင့်ရောင်းချနေပြီးငွေသွင်းသည့်ကာလသုံးလကျော်သည်
အထိလာရောက်ပေးသွင်းခြင်းမရှိပါက မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသို့အကြောင်းကြားပြီး တိုက်ခန်းများကိုပြန်လည်သိမ်းဆည်းမည့်အစီအစဉ်များလုပ်ဆောင်မည်ဖြစ်သကဲ့သို့ ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် အိမ်ရာဝယ်ယူရန်အတွက်ငွေစာရင်းဖွင့်လှစ်ထားသူများကို ၃၀ ရာခိုင်နှုန်းပြည့်မီသူတိုင်းကိုလည်းတိုက်ခန်းများအရစ်ကျရောင်းချပေးနေကြောင်းသိရသည်။
လက်ရှိတွင်အိမ်ရာဝယ်ယူရန်ဘဏ်စာရင်းဖွင့်လှစ်ထားသူများထဲမှ ၆၀၀ ကိုအိမ်ရာဝယ်ယူရန်ချေးငွေထုတ်ပေးထားပြီးဖြစ်ပါသည်။
တိုက်ခန်းဝယ်ယူခွင့်ရှိသူများအနေဖြင့်ငွေပေးသွင်းနေစဉ်ကာလအတွင်းသုံးလကျော်အထိငွေပေးသွင်းခြင်းမရှိပါက တိုက်ခန်းကိုပြန်ရုပ်သိမ်းမည်ဖြစ်ကြောင်းသိရသည်။
imyanmarhouse