iHome Condominium


26 October, 2020

ယခုတင်ပြမယ့်စီမံကိန်းကတော့ ရန်ုကုန်မြို့ မရမ်းကုန်းမြို့နယ်မှာတည်ဆောက်မယ့်   iHome Condominium တန်ဖိုးသင့်တင့် ကွန်ဒိုမီနီယံ ပဲ ဖြစ်ပါတယ်။

တည်နေရာကတော့ အင်းစိန်မြို့နယ် ၊တောင်သူကုန်းရပ်ကွက် နိဗ္မာန် ၈ လမ်း က စော်ဘွားကြီးကုန်း မင်္ဂလာဒုံလေဆိပ်နှင့် ရန်ကုန်ဂေါက်ကလပ်အနီး Ocean (North Point) နားရှိ တစ်ဧကခွဲ အကျယ်အဝန်း မြေပေါ်မှာ ရှိပါတယ်။

iHome Condominium ကို iGreen Construction  မှ Developer  အဖြစ် တာဝန်ယူတည်ဆောက်မှာ  ဖြစ်ပြီး ကိုယ်တိုင် ဒီဇိုင်းဆွဲ ဆောက်လုပ် ရောင်းချ မှာ ဖြစ်ပါတယ်။

အထပ်အမြင့်နှင့် အခန်းများ အကျယ်အဝန်းနှင့် ဖွဲ့စည်းပုံများ

iHome Condominium မှာ ၈ ထပ်ခွဲ အဆောက်အအုံ (A,B,C,D ) လေးလုံးပါရှိမှာဖြစ်ပြီး အခန်းအရေအတွက် စုစုပေါင်း ၂၅၄ ခန်းပါဝင်မှာ ဖြစ်ပါတယ်။ အခန်းအမျိုးအစားပေါင်း ၃၀ ခန့်ပါဝင်မည် ဖြစ်ပြီး ၊ အခန်းတစ်ခန်းလျင် ၅၀၀ စတုရန်းပေ မှ ၉၀၀ စတုရန်းပေထိ ကျယ်ဝန်းမှာ ဖြစ်ပါတယ်။ အဆောက်အအုံ A မှာ ၃၉ ခန်း ၊  B မှာ ၃၉ ခန်း ၊  C မှာ ၈၇ ခန်း နဲ့  D မှာ ၈၉ ခန်းတို့ပါဝင်ပါမယ်။

နေထိုင်သူများ သွားရေးလာရေး အဆင်ပြေလွယ်ကူစေရန် iHome Apartment နှင့် ရှစ်မိုင်လမ်းဆုံထိ တစ်နာရီခြား တစ်ခါ ကြိုပို့ယာဉ် (ferry) ထားရှိပေးမယ် ဆိုပါတယ်။

မြေညီထပ်မှာ ကားစီးရေ  ၂၃၂ စီး ရပ်နားနိုင်မယ့် ကားပါကင် တစ်ခု ပါရှိမှာ ဖြစ်ပြီး တစ်ခန်းလျင် ကားပါကင် တစ်စီးနှုန်း  ရရှိမှာ ဖြစ်ပါတယ်။ ကားပါကင် မယူရင် အခန်းဈေးနှုန်းလျှော့ပေးမယ် ဆိုပါတယ်။

အခန်းနေသူများ ဈေးဝယ်အဆင်ေြစေဖို့  ပထမထပ်မှာ mini market  တစ်ခုပါဝင်ပါမယ်။ အခန်းနေသူများ အပန်းဖြေ နိုင်ဖို့အတွက် ရေကူးကန်နဲ့ အားကစားခန်းမတို့လည်းပါဝင်ပါမယ်။

အဆောက်အအုံတွေမှာ Fire Fighting System, Security, Water Tank, ဓာတ်လှေကား၊ ကိုယ်ပိုင် ပါဝါမီတာ၊  လသာဆောင် ၊ ကားပါကင် လုံခြုံရေး စတာတွေလည်းရှိမယ် ဖြစ်ပါတယ်။

Pricing and Sales Model

တစ်ပေပတ်လည်ကို ဒေါ်လာ ၁၂၀ နှင့် ၁၃၀ ကြား အရောင်းဖွင့်ထားပြီး ပထမဆုံးဝယ်သူ ၁၀၀ အတွက် ဝယ်ခွန်ကို  Developer  ဘက်က တာဝန်ယူ ပေးမယ်လို့ သိရပါတယ်။ အခန်းဝယ်သူက လစဉ်အရစ်ကျဖြင့် ၁၀ နှစ် ပေးချေနိုင်မည်ဟု ဆိုသည်။  

ပထမဆုံးအသုတ်အနေနဲ့ မြန်မာ ငွေကျပ်အားဖြင့်သိန်း၂၀ ပေးသွင်းရမှာဖြစ်ပြီး နောက်ပိုင်း လစဉ်   ၄ သိန်းခန့် ပေးသွင်းသွားရမှာ ဖြစ်ပါတယ်။

လစဉ်ပေးရာတွင် ၁၀ နှစ်အတွက် စုစုပေါင်း အရစ် ၁၂၀ တွင် ပထမဆုံး ၃၇ ရစ်ကို ၁ ဒေါ်လာကို မြန်မာငွေ ၁၀၀၀ ဖြင့် ဈေးဖြတ်မည်ဖြစ်ပြီး ကျန်သည့်အရစ်များကို ပေါက်ဈေးဖြင့် ပေးရမည်ဟု ဆိုသည်။

ဆောက်လုပ်ရေးလုပ်ငန်းများကို ၂၀၁၆ ခုတွင် စတင်မှာဖြစ်ပြီး ၂၀၁၇ ခုတွင် အခန်းအပ်မယ်ဆိုပါတယ်။

This article is an original writing of Myanmar Builders Guide based on information sourced from iGreen Construction, the developer company.

Residential Read 115 times