မောင်တောမြို့ ကျောက်ပန္ဒူကျေးရွာတွင် တန်ဖိုးနည်းအိမ်များပါဝင်သည့် ကျေးရွာသစ်အကောင်အထည်ဖော်


02 November, 2020

နယ်စပ်ရေးရာဝန်ကြီးဌာနနယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်ရခိုင်ပြည်နယ်မောင်တောခရိုင်မောင်တောမြို့နယ် ကျောက်ပန္ဒူကျေးရွာတွင်

တန်ဖိုး နည်းနေအိမ်အလုံး ၁ဝဝ ပါဝင်သောကျေးရွာသစ်တစ်ရွာကိုစတင် အကောင်အထည်ဖော်ဆောက်လုပ်နေပြီဖြစ်ကြောင်းနယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှသိရသည်။

ယခုအကောင်အထည်ဖော်တည်ဆောက်ပေးသည့်တန်ဖိုးနည်းနေအိမ်အလုံး ၁၀၀ မှာဒုတိယသမ္မတ၏ လမ်းညွှန်ချက်အရ နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေနှင့် အကောင်အထည်ဖော်တည်ဆောက်ပေးမည်ဖြစ်ပါသည်။

ယခင်ကျော်ပန္ဒူရွာဟောင်းမှာအိမ်ခြေ ၇၀ လောက်ရှိပြီးယခုလိုတည်ဆောက်ပေးခြင်းမှာ ထပ်တိုးကျေးရွာ သစ်ထပ်မံတိုးချဲ့ပေးခြင်းဖြစ်ပြီးဒေသခံတိုင်းရင်းသားများအတွက်ရည်ရွယ်ဆောက်လုပ်ပေးခြင်း ဖြစ်ပါသည်။
ကျေးရွာသစ်အိမ်ခြေ ၁ဝဝ မှာအရင်ကျောက်ပန္ဒူရွာဟောင်းကမိသားစုအိမ်ထောင်ခွဲများနှင့်တခြားမြို့နယ်မှ ဆန္ဒပြုထားသည့်မိသားစုများကိုနေရာချထားပေးသွားမည်ဖြစ်ပါသည်။

အားလုံးနိုင်ငံတော်ကအကုန်အကျခံတည်ဆောက်ပေးတာဖြစ်ပြီးမိသားစုဝင်များအနေဖြင့်ဘာမှပေးဆောင်စရာမလိုကြောင်းနယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာ န ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှဒုတိယဝန်ကြားရေးမှူးမှပြောကြားသည်။
ယင်းတန်ဖိုးနည်းနေအိမ် အလုံး၁ဝဝ ပါဝင်သောကျောက်ပန္ဒူကျေးရွာသစ်ကို ပြီးခဲ့သောမတ်လပိုင်းက စတင်အကောင်အထည်ဖော်ခဲ့ပြီး နယ်စပ်ဒေသရန်ပုံငွေ ကျပ်သန်းပေါင်း ၆၅ဝ ဖြင့် လျာထားဆောင်ရွက်လျက်ရှိသည်။

အဆိုပါကျေးရွာသစ်တွင်အလယ်တန်းကျောင်း မြေနေရာ၊ ဈေးမြေနေရာ၊ အသေးစားစက်ရုံမြေနေရာ၊ ဘုန်း ကြီးကျောင်းမြေနေရာ၊ ရဲစခန်းမြေနေရာ ၊ ရေကန်မြေနေရာ၊ အုပ်ချုပ်ရေးမှူးရုံး မြေနေရာ၊ ကျန်းမာရေးဌာနခွဲမြေနေရာ၊ အားကစားကွင်းမြေနေရာစသည်ဖြင့်ကျေးလက်ဒေသတစ်ခုတွင်ရှိသင့်ရှိ ထိုက်သောကဏ္ဍများပါဝင်ထည့်သွင်းထားပြီးမောင်တောမြို့တောင်ပိုင်းမောင်တော-အငူမော် ကားလမ်းဘေးတွင်အကောင်အထည်ဖော်တည်ဆောက်လျက်ရှိကြောင်းသိရသည်။

တန်ဖိုးနည်းနေအိမ်အလုံး ၁ဝဝကို တာဝန်ယူတည်ဆောက်ပေးနေသော နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး(စစ်တွေ) မှတာဝန်ခံအင်ဂျင်နီယာ လတ်တလောတွင်ရာခိုင်နှုန်း ၄ဝ လောက်ပြီးပြီဟုပြောကြားပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်စတင်အကောင်ထည်ဖော်နေသော ကျောက်ပန္ဒူကျေးရွာသစ်သည် အကျယ်အဝန်းအားဖြင့် ၂၁ ဧက ကျယ်ဝန်းပြီး ယခုအခါ နေ့စဉ်ပြည်တွင်း အင်ဂျင်နီယာများအပါအဝင်အလုပ်သမား စုစုပေါင်း ၆ဝ ဝန်းကျင်ဖြင့်လုပ်ငန်းများလုပ်ဆောင်လျက်ရှိရာ လတ်တလော ရာခိုင်နှုန်း ၄ဝ ကျော်ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။

အိမ်အမျိုးအစားမှာ Precast အမျိုးအစားဖြစ်ပြီး ပေ (၆ဝ x ၄ဝ) ကျယ်ဝန်းကာအမိုးမှာသွပ်မိုးဖြစ်သည်။ အိမ်တစ်လုံးချင်းတန်ဖိုးမှာငွေကျပ် ၆၅ သိန်းကုန်ကျမည်ဖြစ်ပြီး ဒေသတွင်းတိုင်းရင်းသား လူမျိုးများနေထိုင်နိုင်ရန်အတွက်အမြန်ဆုံးအကောင်အထည်ဖော်လျက်ရှိပြီး အလုပ်အကိုင်အတွက်မိသားစု အလိုက်လယ်မြေများကိုလည်း ခွဲဝေပေးနိုင်ရန်ခရိုင်အုပ်ချုပ်ရေးရုံးမှစီစဉ်ဆောင်ရွက်လျက်ရှိသည်။ မောင်တောခရိုင်အတွင်း ယခုကဲ့သို့အလားတူတန်ဖိုးနည်းနေအိမ်ကျေးရွာသစ်များကိုထပ်မံတိုးချဲ့ တည်ဆောက်ပေးသွားရန်စီစဉ်လျက်ရှိကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ သိရသည်။

imyanmarhouse

Public Housing Region Read 93 times