၂၀၃၀ ဖွံ့ဖြိုးရေးစီမံကိန်းအရ နိုင်ငံတစ်ဝန်းလုံးတွင် အိမ်ခန်းပေါင်းများစွာ အကောင်အထည်ဖော်မည်


27 October, 2020

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပြည်သူအားလုံးအိမ်ရာပိုင်ဆိုင်နိုင်ရေးကြိုးပမ်းမှုအနေဖြင့် လာမည့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အိမ်ရာအခန်းပေါင်းတစ်သန်းအထိ တည်ဆောက်သွားမည် ဖြစ်ကြောင်းသိရသည်။

 ယင်းအစီအစဉ်ကို ၂၀၁၁ ခုနှစ်မှ စတင်ကာ အပိုင်းလိုက်ငါးနှစ်စီမံကိန်းအဖြစ် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုအစိုးရအနေဖြင့်၂၀၃၀ဖွံ့ဖြိုးရေးစီမံကိန်းအရ အိမ်ခြေတစ်သန်းအကောင်အထည် ဖော်ရေးအတွက် ကြိုးပမ်းလျှက်ရှိကြောင်းသိရသည်။

ယင်းအိမ်ရာများအကောင်အထည်ဖော်နိုင်ရန်အတွက် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းကို ပြည်ထောင်စုအစိုးရက ပါဝင်ဆောင်ရွက်ရေးညွှန်ကြားထားကြောင်းသိရသည်။

ယင်းစီမံကိန်းကို ၂၀၁၁ မှစတင်၍ ငါးနှစ်တစ်ဖြတ်စီမံကိန်းအနေဖြင့် ဆောင်ရွက်လာပါသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အထိမှာ မျှော်မှန်းထားသလောက် အကောင်အထည်မဖော်နို်င်ခဲ့သော်လည်း လာမည့် ငါးနှစ်တစ်ဖြတ်တွင် မျှော်မှန်းထားသည့်အတိုင်း ပြည့်မီနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းဥက္ကဌမှပြောကြားထားကြောင်းသိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ၂၀၁၆-၂၀၁၇ မှ ၂၀၂၀-၂၀၂၀ ဘဏ္ဍာနှစ်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်မည့် အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးငါးနှစ်စီမံကိန်းတွင် အိမ်ခန်းပေါင်း တစ်သိန်းရှစ်သောင်းကို အကောင်အထည်ဖော်တည်ဆောက်သွားမည်ဖြစ်ကြောင်းပြည်ထောင်စုဝန်ကြီးမှပြောကြားချက်အရ သိရသည်။

Source:Pyimyanmar journal

Public Housing Read 62 times