ကွန်မင်း-မန္တလေး ရထားလမ်းပိုင်းအတွက် အရေးပါတဲ့ နူကျန်းမြစ်တံတားခုံး


01 March, 2020

တရုတ်ပြည်အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ နူကျန်းမြစ်ကို ဖြတ်၍ တည်ဆောက်ထားသေ မြစ်ကူးတံတားခုံးသည်

ကီလိုမီတာ ၂၂၀ ရှည်သည့် ဒလီ - ရူလီရထားလမ်း၏ အဓိကကျသောစီမံကိန်းဖြစ်သည်။ ၎င်းတံတားသည် တရုတ် - မြန်မာအပြည်ပြည်ဆိုင်ရာမီးရထားလမ်းစင်္ကြံ၏ ယူနန်ပြည်နယ်၏မြို့တော် ကွန်မင်း နှင့် မြန်မာပြည်အထက်ပိုင်းရှိ မန္တလေးမြို့ ဆက်သွယ်ပေးမည့် ရထားလမ်းအတွက် တည်ဆောက်ခြင်း ဖြစ်သည်။ တံတားခုံး၏ ထူးခြားချက်မှာ  တစ်ခုတည်းသော span ဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး ယင်း  span သည် မီတာ ၄၉၀ ရှိပြီး ကမ္ဘာ့ အရှည်လျားဆုံး span ဟု မှတ်တမ်းဝင်သည်။

တံတားသည် အရှည် ၁၀၂၄ မီတာ ရှိပြီး အကျယ် ၂၅ မီတာနီးပါး ရှိသည်။ ရထားလေးစီး တစ်ပြိုင်နက်တည်း တံတားကို အသုံးပြုနိုင်သည်ဟု China Railway Construction Corporation ၏ စီမံကိန်း မန်နေဂျာ  Yu Changbin က ပြောကြားကြောင်း တရုတ်နိုင်ငံမှ သတင်းဌာန Global Times တွင် ဖော်ပြထားသည်။

ရူလီမှ နယ်ခြားကို ဖြတ်ကျော်ပြီး မူဆယ်သို့ ရထားလမ်း ချိတ်ဆက်မည် ဖြစ်သည်။ မူဆယ်- မန္တလေး ရထားလမ်းပိုင်းသည် ၄၃၁ ကီလိုမီတာ ရှိမည်ဖြစ်ပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံChina-Myanmar Economic Corridor (CMEC) ၏ အစိတ်အပိုင်း တစ်ခုဖြစ်သည်။ မူဆယ်-မန်း ရထားလမ်းကို မျဉ်းပြိုင်ပြုပြီး ကားလမ်း ဖောက်မည် ဖြစ်သည်။

Infrastructure and Zones Read 84 times