B.O.T စနစ်ဖြင့် ဆောင်ရွက်ရာတွင်(MIC)၏ ဥပဒေ၊နည်းဥပဒေ ပြဌာန်းချက်များအတိုင်းလိုက်နာ ဆောင်ရွက်ရမည်


04 December, 2020

B.O.T စနစ်ဖြင့် လမ်း၊တံတား လုပ်ငန်းများဆောင်ရွက်ရာတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)၏ ဥပဒေ၊နည်းဥပဒေ ပြဌာန်းချက်များအတိုင်းလိုက်နာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး မှပြောကြားသည်။

လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အရည်အသွေးစံချိန်စံညွှန်း ပြည့်မီသော လမ်းများဖြစ်စေရန်အတွက် B.O.T စနစ်ဖြင့် ဆောင်ရွက်သော ကုမ္ပဏီ ၂၅ ခုနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်

အထက်ပါအတိုင်း ပြည်ထောင်စု ဝန်ကြီးမှ ပြောကြားခဲ့သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊လမ်းဦးစီးဌာနနှင့် B.O.T စနစ်ဖြင့်ဆောင်ရွက်ခြင်းပုံစံကို ၁၉၉၆ ခုနှစ်က တိုင်းရင်းသားလုပ်ငန်းရှင်ကုမ္ပဏီများ နှင့် စတင်ခဲ့ပြီး

လက်ရှိအချိန်တွင် B.O.T ကုမ္ပဏီ ၂၅ ဖွဲ့လမ်းမိုင်ပေါင်း ၃ဝ၂၅ မိုင်ကိုဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

B.O.T လမ်းပိုင်းများကို ဆန်းစစ်ရာတွင် စီးပွားရေးအရ တွက်ခြေကိုက်သည့် B.O.T လမ်းများ ရှိသကဲ့သို့ စီးပွားရေးအရ တွက်ခြေမကိုက်ပဲ ဆောင်ရွက်နေရသည့် လမ်းများရှိနေသည်ကို လည်း တွေ့ရှိရသည်။

မြန်မာနိုင်ငံ၏ မီးရထားလမ်းနှင့် အဝေးပြေးလမ်းမများ၏ ရာခိုင်နှုန်း ၆ဝ သည် အရည်အသွေးနိမ့်ကျနေပြီး ဒေါ်လာ ဘီလျံ ၆ဝ ခန့်အထိအကုန်အကျခံကာ ရင်းနှီးမြှုပ်နှံပြီး

ပြုပြင်မှသာ လက်ရှိသယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်၏ ၃ဝ ရာခိုင်နှုန်းအထိ ကျဆင်းသွားမည်ဖြစ်ကြောင်း သိရသည်။

Region Laws and Regulations Read 483 times