အဆောက်အအုံများ ဆောက် လုပ်ရာတွင် မြေချန်ထားရှိမှု ပုံစံများ အား စက်တင်ဘာလ ၁ ရက်မှ စတင်ကာ ပြောင်းလဲသတ်မှတ်ပေး သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီ မှ သိရသည်။
ပေ ၄ဝ - ၆ဝ အထက် မြေကွက် များ၌ အဆောက်အအုံ တည်ဆောက် မည်ဆိုပါက ဘေးတစ်ဖက်တစ်ချက် သုံးပေစီချန်ကာ တည်ဆောက်ရမည် ဖြစ်ပြီး ပေ ၄ဝ – ၆ဝ အောက် မြေကွက် များတွင် အဆောက်အအုံ တည် ဆောက်ပါက အခန်းတွဲ နှစ်ခန်းအထိ သာ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊
ပေ ၃၉ – ၆ဝ နှင့် ပေ ၂၆ – ၅ဝ ကြား ရှိသည့် မြေကွက်များတွင် အဆောက် အအုံ တည်ဆောက်မည်ဆိုပါက ဘေးတစ်ဖက်တစ်ချက်စီ၌ တစ်ပေခွဲ ခန့် ချန်ကာ တည်ဆောက်ရမည်ဖြစ် ကြောင်း
ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ၊ အင်ဂျင်နီ ယာ(အဆောက်အအုံ) ဌာနမှ ဌာနမှူး မှ ပြောသည်။
ဒါကလည်း မြို့လယ်ကောင် က မြို့နယ် ခြောက်ခုကလွဲရင် ကျန် မြို့နယ်တွေအားလုံး ပါသည်ဟု ၎င်းက ပြောသည်။
အဆိုပါစနစ်အား ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ အီးစီအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် စက် တင်ဘာလ ၁ ရက်မှ စတင် ကျင့်သုံး သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီသို့ လေးထပ်မှ ရှစ်ထပ်အထိ အဆောက်အအုံများ ဆောက်လုပ်ခွင့် တင်ပြရာတွင် မြို့လယ်ကောင်မြို့နယ်များ၌ ရှေ့နှင့် ဘေးနှစ်ဖက်အား မြေပြန့်ထားရှိကာ နောက်ဘက် နောက်ဖေးလမ်းကြားရှိ ပါက တစ်ပေစီချန်ရမည်ဖြစ်သည်။
မြို့လယ်ကောင်မြို့နယ်ပြင်ပ မြို့နယ် များတွင်-
ရှေ့ဘက် မြေညီထပ်အား ငါးပေ၊ကျန်အထပ်များအား Cantilever လေးပေ ပြန်ထုတ်ပြီး တစ်ပေ ချန်ကာ ဘေးနှစ်ဖက် အမိုးစွန်းမှ အနည်းဆုံး တစ်ပေ ချန်ရမည်ဖြစ် သကဲ့သို့ နောက်ဘက်တွင် နောက်ဖေး လမ်းကြား ရှိပါက တစ်ပေစီချန်၍နောက်ဖေးလမ်းကြား မရှိပါက မြေညီ ထပ်အား ခြောက်ပေချန်ကာ ကျန် အထပ်များ သုံးပေချန်ရမည် ဖြစ် သည်။
အထပ်နိမ့် အဆောက်အအုံများ ဆောက်လုပ်ခွင့် တင်ပြရာတွင် လိုက် နာရမည့် မြေကျန်များမှာ
အနည်း ဆုံး ပေ ၄ဝ – ၆ဝ ကျယ်ဝန်းသည့် မြေကွက်အတွက် သုံးထပ်နှင့် အောက်
အဆောက်အအုံ ဆောက် လုပ်ခွင့် တင်ပြရာတွင်-
- အရှေ့ဘက်၌ ၁၂ ပေ၊
- လက်ဝဲဘက် အမိုးစွန်း၌ သုံးပေ၊
- နောက်ဘက်၌ နောက်ဖေး လမ်းကြားရှိပါက တစ်ပေ၊
- နောက်ဖေး လမ်းကြား မရှိပါက မြေညီထပ်အား ခြောက်ပေနှင့်
- ကျန်အထပ်များ သုံးပေ စီ မြေချန်လှပ် တည်ဆောက်ရမည် ဖြစ်ပြီး
- မိမိခြံနှင့် ကပ်လျက် အိမ်၏ ထောက်ခံချက်ဖြင့်
တင်ပြရမည်ဖြစ် ကြောင်းရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ၊ အင်ဂျင်နီ ယာ (အဆောက်အအုံ) ဌာန၏ သတ်မှတ်ချက်များအရ သိရသည်။
ရန်ကုန်နယ်နိမိတ်အတွင်း ဆိတ်ငြိမ်ရပ်ကွက်များ ဖြစ်သော ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ ဦးဝိစာရလမ်းတို့၌ မည်သည့် အဆောက်အအုံမဆို ဆောက်လုပ် မည်ဆိုပါက-
ပင်မအဆောက်အအုံ၏ ရှေ့ဘက်တွင် မိမိပိုင် နယ်နိမိတ် အတွင်းမှ ပေ ၂ဝ ချန်၍ တင်ပြရမည် ဖြစ်ကြောင်း၊
ထိုမြေပေါ်တွင် မိမိခြံကို ဖောက်၍ ဆိုင်ခန်းဆောက်လုပ်လိုပါ က ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ သဘောထားမှတ်ချက်ဖြင့် ပိုင်ရှင်များက ပူးတွဲတင်ပြနိုင်ကြောင်း၊
ထိုသို့ တင်ပြလာမှုအပေါ် ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော် မတီက စိစစ်ခွင့်ပြုသွားမည် ဖြစ် ကြောင်းသိရသည်။