ဒလတံတားစီမံကိန်းဖော်ဆောင်ရာတွင် ရန်ကုန်ဘက်ခြမ်း ဘုန်းကြီးလမ်းပေါ်တွင် ပါဝင်သည့် လုပ်ငန်းခွင်ဧရိယာနှင့် မလွတ်ကင်းသည့် စံပြရုပ်ရှင်ရုံစင်ဝင်ပေါက် နောက်သို့ ၅ ပေ ခန့်ဆုတ်ပြီး ပြန်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
'' စီမံကိန်းလမ်းကြောင်းအရ စံပြရုပ်ရှင်ရုံအပေါ်ဘက် ပေါ်တီကို ၅ ပေ လောက်နောက်ဆုတ်ပေးရပါမယ်။ အဲဒါကို ပြန်ပြင်ရမယ်''ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးကပြောသည်။
အနောက်ဆုတ်ပြန်လည်တည်ဆောက်ခိုင်းခြင်းကို ဘုန်းကြီးလမ်းဘက်ခြမ်းသို့ မျက်နှာမူသည့်တိုင်များကိုသာ ပြင်ဆင်ပြန်ဆောက်မည်ဖြစ်ပြီး အနော်ရထာလမ်းဘက်အခြမ်းကိုယခင်အတိုင်းထားရှိမည်ဖြစ်သည်။တံတားလုပ်ငန်းများဆောင်ရွက်စဉ် ဘုန်းကြီးလမ်းအားတဖက် လျှင်ယာဉ်ကြော ၂ လမ်းစီဖွင့်ထားပေးမည်ဖြစ်ကြောင်း လမ်းဦးစီးဌာနမှ သိရသည်။
လက်ရှိဘုန်းကြီးလမ်းသည် လက်ရှိအချိန်တွင် ၆ လမ်းသွားလမ်းဖြစ်ပြီး၊ တံတားတည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်ပါက တဖက်လျှင်အကျယ် ၄ ဒသမ ၅ မီတာ ရှိသည့်အသွားအပြန် ယာဉ်သွားလမ်း ၂ လမ်းစီချန်ထားကာပြန်လည်ဖောက်လုပ်သွားမည်ဖြစ်ကြောင်းဆောက် လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။
ဒလတံတားတည်ဆောက်ရေးလုပ်ငန်း၏ ရန်ကုန်ဘက်ခြမ်းစီမံကိန်းကိုလာမည့် သြဂုတ်လပထမပတ်တွင် စတင်မည်ဖြစ်ပြီး ဘုန်းကြီးလမ်းတွင် YBS ကားများသွားလာခြင်းကို လည်းယာယီသွယ်ဝိုက်လမ်းမှ ဖြတ်သန်းခွင့်ပြုသွားမည်ဖြစ်ကြောင်း YRTA ၏သတင်းထုတ်ပြန်ချက်အရ သိရသည်။