စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝ-ကလေး-ကျီကုန်း-တမူးသွားလမ်းမပေါ်တွင် ဒုတိယကမ္ဘာစစ်အတွင်းက တည်ဆောက်ထားသည့် ဘေလီတံတားများအစားအိန္ဒိယနိုင်ငံ၏အကူအညီဖြင့် ကန်ဒေါ်လာ ၂၄၅ သန်းအကုန်အကျခံကာ နှစ်လမ်းသွားကွန်ကရစ်တံတားပေါင်း ၆၉ စင်းတည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကလေးဝ-ကလေး-ကျီကုန်း-တမူးသွားကားလမ်းမပေါ်တွင်ဒုတိယကမ္ဘာစစ်အတွင်း ကတည်ဆောက်ထားသည့် ဘေလီတံတား များသည်ခေတ်မမှီတော့ကြောင်းအဆိုပါတံတားပေါင်း ၆၉ စင်းတည်ဆောက်မှုကို စတင်နေပြီဖြစ်ကြောင်းလာမည့် ၂ဝ၂ဝ ပြည့်နှစ်တွင် နှစ်လမ်းသွား ကွန်ကရစ်တံတားပေါင်း ၆၉ စင်းတည်ဆောက်မှုကိုအပြီး သတ်လျာထားကြောင်း သိရသည်။
"အိန္ဒိယနိုင်ငံကနေ ကူညီတဲ့ငွေနှင့် နှစ်လမ်းသွားတံတားများတည်ဆောက်မည်။တံတားတည်ဆောက်မှုကတော့စနေပြီ။ပြီးဆုံးရန်သုံးနှစ်ကြာမည်။သို့သော် ဝန်ကြီးချုပ်မှ ၂ဝ၂ဝ ပြည့်နှစ်တွင်အပြီးတည်ဆောက်ရန်ပြောသည်။လက်ရှိတံတားတွေက ဒုတိယကမ္ဘာစစ်တုန်းကတည်ဆောက်ခဲ့သည့် တံတားများဖြစ်သည်။ဘေလီတံတားတွေဆိုတော့ သက်တမ်းကလည်း လျော့နည်းနေပြီ။အန္တရာယ်လည်း ရှိနေပြီ၊ယခုတံတားပေါ်တွင် ၁၃ တန်ရှိသောကားတွေပဲဖြတ်လို့ရတယ်။၁၃ တန်ထက်ကျော်သော ကားများ ဖြတ်လို့မရတော့ဘူး။ယခု တည်ဆောက်မည့်တံတားမှာ အာစီနှစ်လမ်းသွားကွန်ကရစ်တံတား ၆၉ စင်းဖြစ်တယ်။ဒီတံတားတွေက အိန္ဒိယနိုင်ငံကနေ အခမဲ့ကူညီပေးတာပေါ့။တမူး-ကျီကုန်း-ကလေးဝသွား ကားလမ်းမပေါ်မှာပဲတည်ဆောက်မှာပါ"
ဟု သိရသည်။
တမူး-ကျီကုန်း-ကလေးဝ သွား ကားလမ်းမပေါ်တွင် ဘေလီတံတားပေါင်း အစင်းရေ ၇၁ စင်း ရှိသည့်အနက် တံတားနှစ်စင်းကို မြန်မာနိုင်ငံက ကွန်ကရစ်တံတားအဖြစ် တည်ဆောက်ပေးထားပြီးဖြစ်ကြောင်း ကျန် ဘေလီတံတား ၆၉ စင်းအစား နှစ်လမ်းသွား ကွန်ကရစ်တံတားများအဖြစ် အိန္ဒိယနိုင်ငံက တာဝန်ယူတည်ဆောက်ပေးသွားဖြစ်ကြောင်း အဆိုပါနှစ်လမ်းသွား ကွန်ကရစ်တံတား ၆၉ စင်း တည်ဆောက်ပေးလိုက်ခြင်းအားဖြင့် ဒေသအတွက်တင်မကဘဲ မြန်မာနိုင်ငံအ တွက်ပါ ကောင်းမွန်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
တမူး- ကျီကုန်း-ကလေးဝသွားလမ်း ကားမပေါ်တွင် နှစ်လမ်းသွားကွန်ကရစ်တံ တားပေါင်း ၆၉ စင်း တည်ဆောက်နေချိန် တွင်ကလေးဝ-ယာကြီးသွားကားလမ်းမပေါ် ရှိ ၇၅ မိုင် ၅ ဖာလုံကိုလည်း နိုင်လွန်ကတ္တရာ ဆက်လက်ခင်းပေးနေပြီဖြစ်ကြောင်း၊ နှစ် လမ်းသွား ကွန်ကရစ်တံတားပေါင်း ၆၉ စင်း နှင့် နိုင်လွန်ကတ္တရာလမ်းခင်းခြင်းများ ပြီးစီး သွားပါက စစ်ကိုင်းတိုင်းဒေသကြီးအထက် ပိုင်းနှင့် အောက်ပိုင်းသို့ ချိတ်ဆက်သည့် ကားလမ်းမအဖြစ် ရရှိမည်ဖြစ်ကြောင်း ဦးနိုင် နိုင်ဝင်းက ဆက်လက်ပြောကြားသည်။
Source:Daily Eleven