အိန္ဒိယနိုင်ငံ Meghalaya ပြည်နယ်နှင့် မြန်မာနိုင်ငံတို့ကိုချိတ်ဆက်သွယ်တန်းမည့်အမြန်လမ်းမဖောက်လုပ်ရေး
စီမံကိန်းကိုလာမယ့်လထဲတွင်စတင်လုပ်ဆောင်ဖွယ်ရှိနေပြီဖြစ်ကြောင်းအိန္ဒိယပို့ဆောင်ရေးဝန်ကြီးက မေလ ၃၀ ရက်တွင်ပြောကြားလိုက်ပါသည်။
အိန္ဒိယ-ထိုင်း- မြန်မာသုံးနိုင်ငံအကြားသုံးနိုင်ငံစာချုပ်တစ်စိတ်တစ်ဒေသအနေနှင့်ယင်းအိန္ဒိယ-မြန်မာ အမြန်လမ်းဖောက်မည့်အစီအစဉ်ကိုဖော်ဆောင်နေခြင်းဖြစ်ပါသည်။
ယင်းနိုင်ငံသုံးနိုင်ငံအကြားတွင်ကီလိုမီတာ ၁,၄၀၀ ရှည်လျားသည့်အမြန်လမ်းမကြီးတစ်ခုဖောက်လုပ်သွားရန် ရှိနေပြီး ယင်းလမ်းမကြီးကြောင့်အိန္ဒိယနှင့်အရှေ့တောင်အာရှဒေသတို့အကြားချိတ်ဆက်ပြီးသားဖြစ်သွားမည် ဖြစ်သကဲ့သို့နိုင်ငံများအကြားကုန်စည်စီးဆင်းမှု၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ ခရီးသွား လုပ်ငန်းပိုင်းတို့မှာပိုမိုတိုးမြင့်ပူးပေါင်းလုပ်ကိုင်လို့ရသွားတော့မည်ဖြစ်ပါသည်။
Meghalaya ပြည်နယ်နှင့် မြန်မာတို့အကြားအမြန်လမ်းဖောက်မည့်စီမံကိန်းကိုလာမယ့်လထဲစတင်နိုင်မည်ဟု ခန့်မှန်းထားပြီးစီမံကိန်းကုန်ကျစရိတ်ကိုရူပီး ကုဋေ ၅,၀၀၀သတ်မှတ် ထားကြောင်းသိရသည်။
ထို့ပြင်အိန္ဒိယအစိုးရအနေဖြင့် ဘင်္ဂလားဒေ့ရှ်ကိုဖြတ်ပြီး မြန်မာနိုင်ငံထိဆက်သွယ်ပေါက်ရောက်မည့် ရေလမ်းကြောင်းတစ်ခုဖွင့်လှစ်ဆက်သွယ်နိုင်ဖို့ကိုလည်းစီစဉ်နေကြောင်းသိရသည်။
ရေလမ်းကြောင်းသည်ကုန်လမ်း၊ မီးရထားလမ်းများထက်ပိုမိုစရိတ်အကုန်အကျသက်သာပါသည်။
ထို့ကြောင့် မြန်မာနှင့်ဖြစ်ဖြစ် ဘင်္ဂလားဒေ့ရှ်နှင့်ဖြစ်ဖြစ်ကုန်သွယ်ဖို့လိုလာမည့်ကုန်ပစ္စည်းများကို စရိတ်သက်သက်သာသာနဲ့ ကုန်သွယ်နိုင်မည်ဖြစ်ကြောင်းသိရသည်။
ယင်းစီမံကိန်းကိုလည်း ၂၀၁၈ မတိုင်ခင်အပြီးလုပ်ဖို့ရှိကြောင်း အိန္ဒိယပို့ဆောင်ရေးဝန်ကြီးပြောကြားချက် အရသိရသည်။
Source:imyanmarhouse